အမျိုးသမီးတွေအတွက် အလှပျက်စေတဲ့ ဟော်မုန်း ၆ မျိုး
🌸 အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေး တယ်၊ ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊ အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ ဒီဟော်မုန်းလျော့ရင် ရင်သားတွေ တင်ပါးတွေ
လျော့လာတယ်၊ အသားတွေပျော့တွဲလာတယ်။Soy bean အခြေခံအစားအစာ တိုဟူးတို့ ပဲနို့ရည်တို့သောက်၊ ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်။
🌸 Growth ဟော်မုန်း
သူကတော့ သွေးထဲက ဟော်မုန်း ၊သူလျော့လာရင်ကြွက်သား လျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့ ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ ဟော်မုန်းဆေးထိုးတယ်၊ side effect များပေမယ့် သိသာတယ်၊
အခြားနည်းက လမ်းလျှောက်ပါ လေ့ကျင့်ခန်းလုပ်ပါ ချွေးထုတ်ခန်းဝင်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊
🌸 DEHA
အသက်30ထိပဲ ကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့ အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ ထောပတ်သီးစားပါ၊ fatty fish စားပါ၊ ပရိုတင်းကိုမနက်စာမှာ အသင့်တင့်ထည့်စားပါ၊
🌸 Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊ 35နှစ်လောက်ဆို လျော့တတ်တယ်၊ ဒီဟော်မုန်း လျော့ရင် ဆံပင် ကျွတ်တယ်၊တင်းတိပ်၊ မှဲ့ခြောက်ထွက်တယ်။
ငှက်ပျောသီး ခရမ်းချဉ်သီး၊ ဆန်၊ ပြောင်း၊ ဒါတွေ စားပေးပါ အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်း ဖြစ်တတ်တယ် ရှောင်ပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊
🌸 Cortisol
Stress ဟော်မုန်း၊ သူမညီမျှရင် အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊ အရေးကြောင်းတွေ ပေါ်တယ်၊ ဝက်ခြံထွက်တယ် အခေါက်ထူတယ်
ရေသောက်ပါ၊ စိတ်အေးချမ်းအောင်တွေးပါ၊ သီချင်းနားထောင်ပါ၊ stress လျော့ပါ၊
🌸 Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ် ရေဓာတ်တွေလျော့နည်းမယ်၊ ကော်လာဂျင်တွေ မတင်းတော့ဘူး၊ ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊ အတွန့်တွေ ပေါ်လာမယ်၊
အချိုလျော့ပါ၊ ဗီတာမင် E နဲ့ ဗီတာမင် C ၊ ရေနွေးကြမ်းသောက်ပါ။ လိုအပ်ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။
Credit - Pan_Koe
#အမျိုးသမီး
#အလှအပ
#ကျန်းမာရေး
#တမာသားလေးမှတ်စုblog
Leave a Comment