မြန်မာ - ယိုးဒယား မုန်းတီးရေးရိုက်ကွင်းများ (သို့) Surasi Military Camp
မြန်မာ - ယိုးဒယား မုန်းတီးရေးရိုက်ကွင်းများ (သို့)
Surasi Military Camp
ကန်ချနပူရီ က မြန်မာနိုင်ငံနဲ့ ကီလို ၂၅၀ သာဝေးတဲ့ ထိုင်းနိုင်ငံက နေရာဒေသတစ်ခုဖြစ်ပါတယ်။မြန်မာ-ယိုးဒယား မုန်းတီးရေးရုပ်ရှင်ကားများကို ဖန်တီရိုက်ကူးစေရန် ရည်ရွယ်ပြီး ထိုနေရာတွင် မြေဧက ၈၀၀ ခန့်မြေကွက်၌ မြန်မာနိုင်ငံမှ ကမ္ဘောဇသာဒီ (ပဲခူး)၊ မန္တလေးနန်းတွင်းနှင့် နန်းမြို့ရိုးတွေကို အခိုင်အမာ တည်ဆောက်ထားပါတယ်။
မြန်မာ - မုန်းတီးရေးဇာတ်ကားများကို ရိုက်ကူးသော ဒါရိုက်တာမှာ hatrichalerm Yukol ဖြစ်ပါတယ်။
သူ့က ဘုရင့်ညီအစ်ကိုဝမ်းကွဲတော်သူတစ်ဦးဖြစ်သည်။ သူရိုက်ကူးသော ဇာတ်ကားများအတွက် ထိုင်းဘုရင့်တပ်မှ တပ်သား ၁၀၀၀၀၀ ကျော် ကူညီပေးခဲ့ပြီး King Naresuan (နရဲစွမ်) မင်းသား
Wanchana Sawasdee သည်လည်း တပ်မတော်မှ အရာရှိတစ်ဦးဖြစ်သည်။
သူရိုက်ကူးသော ဇာတ်ကားများသည် ၃ နှစ်ကြာမြင့်ခဲ့ပြီး၊ ဘတ်ငွေ သန်း ၇၀၀ ကျော် အကုန်ကျခံရိုက်ကူးသဖြင့် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးသမိုင်း၌ တန်ဖိုးအမြင့်ဆုံးထုတ်လုပ်မှု ဖြစ်သည်။
•••
သူတို့ အဓိက ဇာတ်အိမ်တည်တာကတော့ ထိုင်းလူစွမ်းကောင်း နရဲစွမ်ကို ဇာတ်အိမ်အမျိုးမျိုးတည်ပြီး ရိုက်ကူးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံကို မြန်မာသစ္စာခံ အဖြစ်က
ရုန်းထွက်နိုင်ပြီး မြန်မာကျူးကျော်မှု အားလုံးကို တွန်း
လှန်နိုင်တဲ့ အပြင် မြန်မာပြည်တွင်းကို ( ၂ ) ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်။
ယိုးဒယားကို မြန်မာ သစ္စာခံ ဘဝကလွတ်မြောက်အောင် လုပ်နိုင်သူအဖြစ် နရဲစွမ်ဘုရင်ဟာ ယိုးဒယား ရာဇဝင် မှာ သူရဲကောင်းအဖြစ် ထင်ရှားခဲ့ပါတယ်။
နရဲစွမ် က ခရစ်နှစ် ၁၅၆၉ ခုနှစ်။ ယိုးဒယား - မြန်မာတတိယတိုက်ပွဲ အပြီးတွင် လက်အောက်ခံယိုးဒယားဘုရင် ဗြမဟာဓမ္မာရာဇ၏ သား နရဲစွမ်(Naresun)ကို ဘုရင့်နောင်က တောင်းယူ မွေးစားခဲ့သည်။ ထိုအချိန်တွင် နရဲစွမ်သည် ၉ နှစ်သာရှိသေးသည်။
°°°
" နရဲစွမ်" (Neresun )
အယုဒ္ဓယ ပြည့်ရှင် မဟာချက္ကရာဖတ် ( မြန်မာ အခေါ် ဗြသာ ဓိရာဇာ )၊ အပြည့်အစုံက Somdet Phra Maha Chakkraphat (၁၅၀၉–၁၅၆၉) ဖြစ်တယ်။ သူ့မိဖုရားက တောင်ငူဘုရင် တပင်ရွှေထီး ရဲ့ပထမဆုံး ထိုးစစ်ကို ရှေ့တန်းထွက် လက်နက်ကိုင်ပြီး ခုခံခဲ့လို့ကျဆုံးခဲ့ရတဲ့ ထိုင်း
အမျိုးသမီး သူရဲကောင်း မိဖုရား"သီရိသူရိယဆူရီယိုထိုင်း"
( Queen Sri Suriyothai ) ဖြစ်တယ်။
မဟာချက္ကရာဖတ်မှာ ဆင်ဖြူ (၄) စီးရှိလို့ဘုရင့်နောင်က တစ်စီး တောင်းတာကို မပေးလို့ ဆင်ဖြူ ကိစ္စ က သေရေးရှင်ရေးလို ဖြစ်လာတယ်။ တကယ်တော့
ဆင်ဖြူကိစ္စက အပေါ်ယံ ပြသာနာပါ။ တကယ့် ပြသနာက ဇင်းမယ် ( ချင်းမိုင် ) ကိုသိမ်းပိုက်နိုင်တဲ့ ဘုရင့်နောင်ကို စစ်ပြိုင်မလား၊ သစ္စာခံ လုပ်မလား ဆိုတာက အဓိကဖြစ်တယ်။
(ဘုရင့်နောင်ကို မင်းကြီးဆွေနှင့် ပင်းယ တစီးရှင် အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီးတို့က သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)တွင် မွေးဖွားသည်။ ငယ်မည်မှာ ရှင်ရဲထွဋ်ဖြစ်သည်။ သက္ကရာဇ် ၈၉၂-ခုနှစ် (ခရစ်နှစ် ၁၅၃၀) တွင် မင်းတရားရွှေထီး နန်းတက်သောအခါ ရှင်ရဲထွဋ်၏ ခမည်းတော် မင်းကြီးဆွေအား
မင်းရဲသိင်္ခသူဘွဲ့အပ်နှင်းသည်။ ရှင်ရဲထွဋ် သည် ဘုရင်တပင်ရွှေထီး ထံတော်၌ ကျော်ထင်နော်ရထာအမည်နှင့် အမှုတော်ထမ်းရွက်ရတယ်။
တပင်ရွှေထီးထီး လုပ်ကြံခံရပြီးနောက် ဘုရင့်နောင်သည် ကောဇာသက္ကရာဇ် ၉၁၅၊တပို့တွဲလဆန်း ၆-ရက်နေ့ (ခရစ်နှစ် ၁၅၅၃) တွင် နန်းတက်တော်မူသည်။
သက္ကရာဇ် ၉၄၃-ခု၊ တန်ဆောင်မုန်းလပြည့်နေ့ (ခရစ်နှစ် ၁၅၈၁)၊ နန်းသက် ၃၂-နှစ်၊ သက်တော် ၆၆-နှစ်တွင် ကံတော်ကုန်ရှာသည်။)
၁၅၆၂ - ခုနှစ်မှာ ပေါ်တူဂီ အမြှောက်တပ်သား အတော်အတန် ပါဝင်တဲ့ မြန်မာစစ်တပ်က အယုဒ္ဓယမြို့ကို ချီတက်တိုက်ခိုက်တယ်။ ယိုးဒယား မြို့ကြီးတွေဖြစ်တဲ့ ကမန်ပိုက် နှင့် ပိသလောက် (ထိုင်း အခေါ် ဖစ်စနူလုခ် (Phitsanulok)
အရင်ဆုံး အညံ့ခံလိုက်ရပြီး နောက်ဆုံး အယုဒ္ဓယ (Ayutt-haya ) အညံ့ခံရတယ်။
စစ်နိုင်တဲ့ ဘုရင့်နောင်ဟာ ယိုးဒယားမင်း မဟာချက္ကရာဖတ် နှင့် မင်းညီမင်းသားများယိုးဒယား အနုပညာသည်၊ လက်မှုပညာသည်များ၊ အတတ်ပညာရှင်များနှင့် ဆင်ဖြူအားလုံး ယူဆောင်ပြီး ဟံသာဝတီ ပဲခူး ကို ပြန်ခဲ့တယ်။
( စကားချပ် အနေနဲ့ ယိုးဒယားကို ဝင်ထွက်နေစဉ်
အတွေ့အကြုံ အရ ထိုင်းလူမျိုးတွေက ဘုရင့်နောင်
(သူတို့ အခေါ် "ဘူလင်နောင်" ) ကို မမုန်းဘူး။
သမိုင်းဝင် အယုဒ္ဓယ စေတီ ဘုရားတွေကို မဖျက်စီး
သလို ဘုရင့်နောင် ကိုယ်၌ကလည်း စေတီဘုရားတွေကို အမြှောက်ဆံ မထိအောင်ပစ်ခတ်စေတယ်လို့မြန်မာ့သမိုင်းမှာလည်း ရေးတယ်။ အလောင်းမင်းတရားဦးအောင်ဇေယျ (နန်းစံ ၁၇၅၂-၁၇၆၀) လက်ထက်ရောက်မှသာ အယုဒ္ဓယကို စေတီပုထိုးပါမကျန် အမှုန့်ချေပစ်တာမို့ ဦးအောင်ဇေယျကိုတော့ အတော် ရွံရှာမုန်းတီးတာတွေ့ရတယ်)။
ဖမ်းဆီးလာတဲ့ ယိုးဒယား စစ်သုံ့ပန်းတွေထဲမှာ
မဟာချက္ကရာဖတ် ရဲ့ မြေး ၊ ပိသလောက်မြို့စား
"ဗြဓမ္မရာဇာ" ရဲ့ သား (၉) နှစ် အရွယ် "နရစွမ်
( မြန်မာ အခေါ် ဗြနရာဇ် )" လည်းပါဝင်တယ်။
ယိုးဒယားမင်း ချက္ကရာဖတ်ဟာ ဟံသာဝတီ ပဲခူးကို
ရောက်ပြီး မကြာမီ သင်္ကန်း ဝတ်တယ်။ ( ဘုရင် မ
ဖြစ်ခင်ကလည်း တကြိမ် သင်္ကန်းဝတ်တာ "Suriyothai " ရာဇဝင်ရုပ်ရှင် ကြည့်ဖူးသူအပေါင်းမှတ်မိမယ်)။ ၁၅၆၅ - ခုနှစ်မှာသင်္ကန်းဝတ် ယိုးဒယားမင်းဟာ ဘုရားဖူး အဖြစ် အယုဒ္ဓယကို ပြန်ခွင့်ရတယ်။ အယုဒ္ဓယကို ပြန်ရောက်တာနဲ့သင်္ကန်းဝတ် ချက္ကရာဖတ်ဟာ ဘုရင့်နောင်ကို
ပုန်ကန်တာကြောင့် ၁၅၆၆-ခုနှစ် မိုးရာသီအကုန်မှာ
ဘုရင့်နောင် ဦးစီးတဲ့ မြန်မာတပ် ဟာ အယုဒ္ဓယကို
ဒုတိယ အကြိမ် စစ်ချီတယ်။
ဒီတခါတော့ ယိုးဒယားမင်း၏ သားမက် "နရစွမ်" ရဲ့
အဖေ ပိသလောက်မြို့စား "ဗြဓမ္မရာဇာ"က မြန်မာတပ်နဲ့ မဟာမိတ် လုပ်လိုက်တယ်။ တိုက်ပွဲဟာ ပြင်းထန် ရှည်လျားပြီး ၁၅၆၇ ခုနှစ် မိုးမကျမီမှာ "ဗြဓမ္မရာဇာ"ကလည်း သစ္စာဖောက် လုပ်တဲ့အတွက် အယုဒ္ဓယ ကျဆုံးခဲ့ရပြန်တယ်။
ယိုးဒယားဘုရင်ချက္ကရာဖတ်လည်းတိုက်ပွဲမှာ ကျဆုံးပြီးဘုရင့်နောင် အောင်ပွဲခံကာ အယုဒ္ဓယမှာ တမိုးခိုတယ်။ ၁၅၆၇ - ခုနှစ် ခြောက်သွေ့ရာသီမှာ တပ်ခေါက်ပြီး ဟံသာဝတီ ပဲခူးကို ပြန်တော့ ယိုးဒယား အားနည်းသွားအောင် စစ်သုံ့ပန်း အများအပြား ခေါ်ဆောင်သွားလို့ အယုဒ္ဓယမှာ လူတစ်သောင်းသာ ကျန်တယ်လို့အဆိုရှိတယ်။
မင်းသား ဗြဓမ္မရာဇာ Phra Maha Thammaracha -thirat ကို သစ္စာခံဘုရင် အဖြစ် အယုဒ္ဓယကို အုပ်စိုးစေတယ်။
ဗြဓမ္မရာဇာက ( ၁၇ ) နှစ် အရွယ် သမီးတော် ဆုပန်
ကလျာ (Suphankanlaya) ကိုဘုရင့်နောင်ထံ ဆက်သပြီး ဟံသာဝတီပဲခူးမှာ ရောက်နေသူ မင်းသား နရဲစွမ်ကို အယုဒ္ဓယ ပြန်ခွင့်ပြုဖို့ပန်ကြားတာကြောင့် ၁၅၆၈-ခုနှစ်မှာ နရဲစွမ် မင်းသားပြည်တော်ပြန်ခွင့်ရတယ်။
ဟံသာဝတီ နေပြည်တော်မှာ (၉) နှစ်သားက ( ၁၅)
နှစ်သား အရွယ်ထိ နေထိုင်ဖူးတဲ့နရဲစွမ်ဟာ မြန်မာ
စကားရော မွန်စကားပါ တတ်ကျွမ်းတယ်လို့သိရ
တယ်။ မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ အကျင့်
ဓလေ့ကို အကဲခတ်နိုင်သူလည်း ဖြစ်တယ်။
၁၅၆၉ - ခုနှစ် မှာ နရဲစွမ် ဟာ ပိသလောက်မြို့စား
နဲ့ ဥပရာဇာ (King of Phitsanulok and Uparaja) ဖြစ်လာပြီး စစ်သွေးစစ်မာန်တက်ကြွတဲ့ ယိုးဒယား လူငယ်တွေ စုစည်းပြီး စစ်တပ်ဖွဲ့တယ်။
သက္ကရာဇ် ၁၅၈၁ ခုနှစ်မှာ ဘုရင့်နောင် ကွယ်လွန်
တော့ နန္ဒဘုရင် ( ၁၅၈၁ - ၁၅၉၉ ) နန်းတက်တယ်။
နန္ဒဘုရင် လက်ထက်မှာ ယိုးဒယားကို လေးကြိမ်တိုင် စစ်ချီတိုက်ခိုက်ပေမဲ့ မအောင်မြင်ပါ။ တိုက်ပွဲတိုင်းမြန်မာတွေ အရေးနိမ့်တယ်။ တကြိမ်မှာ နန္ဒဘုရင်ရဲ့ သားတော် မဟာဥပရာဇာ နဲ့ယိုးဒယားဘုရင် နရဲစွမ်တို့ ဆင်စီးချင်းထိုးကြရာ မဟာဥပရာဇာ ကျဆုံးသွားတယ်။
အဲဒီ နောက်ပိုင်းမှာ ယိုးဒယားကို စစ်ချီတာ ရပ်ဆိုင်း
လိုက်တော့တယ်။
၁၅၉၈ - ခုနှစ်မှာ တောင်ငူဘုရင်နဲ့ ရခိုင်ဘုရင်တို့
ပေါင်းပြီး ဟံသာဝတီပဲခူးကို တိုက်ခိုက်တာကြောင့်
ဟံသာဝတီပဲခူး ပျက်ပြီး နန္ဒဘုရင်ကို ဖမ်းဆီး ခေါ်
ဆောင်သွားတယ်။ ဒါကို အခွင့်ကောင်းယူပြီး နရဲစွမ်
ဟာ ဒုတိယအကြိမ် ဟံသာဝတီ ပဲခူးကို စစ်ချီလာ
တယ်။
(ပထမအကြိမ် ဟံသာဝတီပဲခူးကို ဝင်တိုက်ခဲ့သော်
လည်း မအောင်မြင်ပေမဲ့ ဘုရင့်နောင်လက်ထက်က
ဖမ်းဆီးထားတဲ့ သုံ့ပန်း အားလုံးနီးပါးလွတ်အောင်
လုပ်နိုင်ခဲ့သလို မြန်မာဘက်က တိုက်စစ်မှူးကို နရဲစွမ်ကိုယ်တိုင် တူမီးသေနတ်နဲ့ပစ်သတ်နိုင်တာမို့ နရဲစွမ် ကိုင်ခဲ့တဲ့ နာမည်ကျော် တူမီးသေနတ်ကို ထိုင်းအမျိုးသား ပြတိုက်မှာ ယခုထိ သိမ်းဆည်း ထားတယ်)
ဘုရင်နရဲစွမ်ဟာ တောင်ငူအထိ စစ်ချီလာပြီး တလ
ကျော် စစ်ဆင်တယ်။ မြန်မာနဲ့ရခိုင်တပ်တွေ ခုခံ တိုက်ခိုက် တာကြောင့် ၁၆၀၀ - ခုနှစ်မှာ တပ်ခေါက်ပြီး ပြန်လည် ဆုတ်ခွါခဲ့သော်လည်း မုတ္တမ ဒေသက မွန်တွေကိုစည်းရုံးပြီး ယိုးဒယားကို သစ္စာခံစေတယ်။
နရဲစွမ်ဘုရင် လက်ထက်မှာ မြန်မာ သစ္စာခံ အဖြစ်က ရုန်းထွက်နိုင်ပြီး မြန်မာကျူးကျော်မှု အားလုံးကို တွန်းလှန်နိုင်တဲ့ အပြင် မြန်မာပြည်တွင်းကို ( ၂ ) ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်။
ယိုးဒယားကို မြန်မာ သစ္စာခံ ဘဝကလွတ်မြောက်အောင် လုပ်နိုင်သူအဖြစ် နရဲစွမ်ဘုရင်ဟာ ယိုးဒယား ရာဇဝင် မှာ
သူရဲကောင်းအဖြစ် ထင်ရှားခဲ့ပါတယ်။
°°°
Photo - Chatrichalerm Yukol
Wanchana Sawasdee
Aun Myat Thu

Sorry
ReplyDelete