သူ့ချည်းပဲလော ၊ ချဉ်ဖတ်နဲ့ပါဖုရား သရ၀ဏ်(ပြည်)
မင်းအောင်လှိုင်တစ်ယောက် အာဏာရူးတာနဲ့မြန်မာတစ်နိုင်ငံလုံးဒုက္ခရောက်ရတယ်ကွာ "
"မင်းအောင်လှိုင်မရှိရင် တော်လှန်ရေးကအောင်မြင်ပြီ "
"မင်းအောင်လှိုင်သေမှအေးမှာ "
"အခြားစစ်ဗိုလ်ချုပ်တွေကပါချင်တာမဟုတ်ဘူး ၊ နီးရာဓားကြောက်လို့၀င်ပါနေရတာ "
စသည်စသည်ဖြင့် ပြောနေသံတွေကိုကြားရပါသည် ။ ထိုအယူအဆသည် အပြည့်အ၀မမှန်ပါ ။ မင်းအောင်လှိုင်အာဏာရူးသည်မှာမှန်ပါသည် ။ မင်းအောင်လှိုင်သမ္မတရူးရူးနေသည်မှာမှန်ပါသည် ။ သို့သော် ဤအာဏသိမ်းမှုတွင်တပ်မတော်မှ အငြိမ်းစားနှင့်လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ ၏သဘောတူညီချက်မပါပဲ မင်းအောင်လှိုင်တစ်ယောက်တည်းထင်ရာစိုင်းခဲ့ခြင်းမဟုတ်ပါ ။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ရာထူးနှင့်အာဏာအကြီးကြီးရယူခဲ့သူ စစ်ဗိုလ်ချုပ်များအားလုံး အတူတူနဲ့အနူနူ အားလုံး ပုလင်းတူဗူးဆို့ ပါ၀င်ခဲ့ကြပါသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးအကြီးကြီးများရယူခဲ့ကြသော သမ္မတ၊ ဒုသမ္မတ များအားလုံး ၊ ဦးသိန်းစိန်လက်ထက် ပြည်နယ်နှင့်တိုင်း ၀နကြှီးခွုပြ ၁၄ ယောက် ၊ ဦသိန်းစိန်လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့၀န်ကြီးအားလုံး၊ ဗိုလ်ချုပ် ၊ ဒုတိယဗိုလ်ချုပ်ကြီး ၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ဗိုလ်ချုပ်မှူးကြီး တို့ အားလုံးသဘောတူပါ၀င်ခဲ့ကြပါသည် ။ ထို့ကြောင့်ပင် ဘာမှယုတ္တိ ယုတ္တာ မရှိသော သူတို့ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကိုသူတို့ပြန်လည်ချိုးဖောက် အာဏာသိမ်းခဲ့သည့်ဖြစ်စဉ်တွင် ယခင်ဗိုလ်ချုပ်မြင့်ဆွေ (ယခုဒုတိယသမ္မ နှင့်ယာယီသမ္မတ မြင့်ဆွေ) ကမင်းအောင်လှိုင်ကိုအာဏာလွှဲပေးကြောင်း မဆီမဆိုင်သဘောတူလက်မှတ်ထိုးပေးခဲ့ခြင်းဖြစ်သည် ။ အဘယ်ကြောင့်နည်း ။ ရှင်းပါသည် ။ခိုးထားခဲ့သမျှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်လက်ချက်ဖြင့် ပြန်လည်လျှော်ကြေးပေးရခြင်း ၊ ထောင်ဒဏ်ကျခံရခြင်းတို့ မကြာမီ ငါးနှစ်တာ ဒီချုပ် အစိုးရလက်ထက်တွင်ရင်ဆိုင်ရတော့မည်ကို အကြီးအကျယ်စိုးရိမ်တုန်လှုပ်သောကြောင့်ဖြစ်သည် ။
ပင်လယ်ထဲတွင်မျောပါနေသောရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်နေသောအစိတ်အပိုင်းသည် ရေအောက်တွင်နစ်မြုပ်နေသော အစိတ်အပိုင်းထက်များစွာသေးငယ်ပါသည် ။ တနည်းဆိုရသော် မြင်သာသော ရေခဲတောင် ထိပ်ပိုင်းလေး၏နောက်ကွယ်ရေအောက်တွင်မမြင်နိုင်သော အဆပေါင်းများစွာကြီးမားသည့်ရေခဲ့တောင်ကြီးရှိပါသည်။ ထိုနည်းတူပင် ကြံ့ခိုင်ရေးအစိုးရ ခိုးခဲ့သမျှဇာတ်လမ်းများ အနက် မဖုံးနိုင်မဖိနိုင်ပေါ်လာသော ဇာတ်လမ်းတိုလေးနှစ်ကွက်သုံးကွက်ကိုကြည့်ခြင်းအားဖြင့် ထိုဇာတ်လမ်းတို့၏နောက်ကွယ်၀ယ် ကျကျနနစုံစမ်းစစ်ဆေးလိုက်ပါကမမျှော်မှန်းနိုင်လောက်အောင်ကြီးမားသော အဂတိလိုက်စားမှု ၊ အကျင့်ပျက်ခြစားမှုဇာတ်လမ်းများ ရာနှင့်ချီ၍ ၊ထောင်နှင့်ချီ၍ ထွက်ပေါ်လာပါလိမ့်မည် ။ ထိုအခါ နောက်ကြောင်းပြန်အရေးမယူရဆိုသောဥပဒေမှာ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်ကဖြစ်ရပ်များ (၁၉၈၈ မှ ၂၀၁၀ အတွင်း ရာဇ၀တ်မှုများ ) ကိုသာအကာအကွယ်ပေးထားခြင်းဖြစ်ရာ ၂၀၁၀ ကျော်ဒီဘက်ပိုင်းအဂတိလိုက်စားမှုများ တွင် ကြံ့ဖွတ်ခေါင်းဆောင်တွေရော ၊ စစ်ဗိုလ်ချုပ်တွေရော ဘယ်သူမှပြေးလွတ်ဖွယ်ရာ မရှိချေ ။
ဥပမာအားဖြင့် ဦးသိန်းစိန်ပြုတ်၍ ဒီချုပ်အစိုးရတက်သောအခါ ပြည်နယ်နှင့်တိုင်း ဖွံဖြိုးရေးရန်ပုံငွေများကိုနောက်တက်လာသောအစိုးရအားပြန်မအပ်ပဲ ဘုန်းပြေးသွားသော ၀နကြှီးခွုပနြှဈယောကကြိုလကပြူးလကကြှပမြိပါသညြ ။ မကွေးတိုင်း၀န်ကြီးချုပ် ဘုန်းမော်ရွှေ (ဗိုလ်မှူးကြီး-ငြိမ်း) နှင့် ဧရာ၀တီတိုင်း၀န်ကြီးချုပ် သိန်းအောင် ( ဗိုလ်မှူးချုပ်-ငြိမ်း)တို့ဖြစ်ပါသည် ။ ကျန်သော ၀နကြှီးခွုပြ ၁၂ ယောက်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးလိုက်လျှင် ခိုးထားတာတွေ ပေါ်လာမှာဖြစ်သည် ။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ သည်ပင်လျှင်အလွဲသုံးစားမှု ပေါ်ပေါက်ကြောင်းစစ်ဆေးတွေ့ရှိနေရပြီဖြစ်သည် ။ ထပ်စစ်လျှင်ထပ်ပေါ်တော့မည် ။မကွေးတိုင်း၀န်ကြီးချပ်ဘုန်းမော်ရွှေသည် ပြည်သူပိုင်ငွေ ဒေသရန်ပုံငွေ သန်းပေါင်း ရှစ်ထောင်ကျော် (သို့မဟုတ်ကျပ်သိန်းပေါင်းရှစ်သောင်းကျော် ) ကို အာဏာမှဆင်းချိန်တွင် အစိုးရအသစ်သို့လွှဲပြောင်းပေးမသွားပဲခိုးထုပ်ခိုးထည်နှင့်ဆင်းသွားသည်ကိုလက်ပူးလက်ကြပ်မိသည် ။ သူခိုးများဖြစ်ကြသော ၀နကြှီးခွုပဟြောငြး ဘုန်းမော်ရွှေ နှင့် ရွှေသုခငွေချေးလုပ်ငန်း ၏ဥက္ကဌ ကြံ့ဖွတ် ကြည်ထွန်းတို့ မျက်နှာငယ်ဖြင့် ဖဲကြွေးဆပ်သလို အလီလီအလာလာ ဖဲ့ဆပ်ခွင့်တောင်းသည် ။ သဘောကောင်းလွန်းသော ဒေါ်အောင်ဆန်စုကြည်အစိုးရက ထောင်မချပဲ ၊တရားမစွဲပဲခွင့်လွှတ်လက်ခံပေးသည် ။ ထို့ကြောင့် သန်းသုံးထောင်တစ်ကြိမ် ၊ သန်းငါးထောင်တစ်ကြိမ် အရူးကွက်နင်း၍ ပြန်ဆပ်ခဲ့သည် ။
ဧရာ၀တီတိုင်းဝန်ကြီးချုပ်ဟေ ာင်းကလည်းခိုးရာတွင်လက်မနှေးချေ ။ ဗိုလ်မှူးချုပ်-ငြိမ်း သိန်းအောင်ကလည်းသူ-ခိုးထားသည့် တိုင်းဒေသကြီးဖွံဖြိုးရေးရန်ပုံငွေထဲမှ ကျပ်သန်းပေါင်း ၅.၂ ( ကျပ်သိန်းပေါင်း ငါးသောင်းနှစ်ထောင်) ကိုနှစ်လအတွင်း အကြိမ်ကြိမ်ခွဲ၍ ဆပ်ပါရစေဟု သူခိုးလူမိကာမှ ခွင့်လွှတ်ဖို့တောင်းပန်သည် ။ ဥပဒေတွင် ငွေတစ်ကျပ်ပင်ဖြစ်စေ လိမ်လည်မှုကလိမ်လည်မှုပင်ဖြစ်၍ အမှု ခိုးဖွက်ထားကြောင်း ပျပေါကျပါမှ အလီလီခွဲ၍ပြန်ပေးခွင့်ရာဇ၀င် မရှိသော်လည်း သဘောကောင်းလွန်းသော ဒီချုပ် အစိုးရက ခွင့်လွှတ်သည်းခံကာ သိန်းအောင်၊ဘုန်းမော်ရွှေနှင့် အပေါင်းပါ ဒေါ်စိန်အေးကျောင်းထွက် ငတက်ပြားများ ထောင်မကျအောင် မုဆိူးမကြီး ဒေါ်အောင်ဆန်းစုကြည်က ကြည့်ရှုစောင့်ရှောက်ပေးခဲ့သဖြင့် ဥပဒေအတိုင်းဖြစ်စေလိုသော အဂတိကော်တိုက်ဖျက်ရေးကော်မရှင်လူကြီး အချို့နှင့်ပြည်သူလူထုအချို့ကပင်မကြေမနပ်ဖြစ်ခဲ့ကြသည် ။ထားတော့ ။ ဒီလောက်ပဲလား ။
ပေါ်လာပြန်သည် ။ သင်္ဃန်းကျွန်းမြို့နယ်ထဲရှိ မြူဇစ်ဇုန် ကာရာအိုကေ ဆိုင်မှအစပြုခဲ့သော သဘာဝဘေးအန္တရာယ် ဆိုင်ရာကူးစက်စေမှု ပုဒ်မမှတဆင့်မီးခိုးကြွက်လျှောက်လိုက်လိုကသောအခါ နိုင်ငံတော်ပိုင်မြေကိုကြံ့ဖွတ်အဖွဲ့က လူမှုရေး အကျိုးပြုလုပ်ငန်းလုပ်ရန်ဟုဆိုကာ မဖြစ်စလောက် စျေးနှုန်းဖြင့်ရယူ ၊ ပြီးတော့ သူတို့နှင့် ဖင်လျက်ဆားဖြူး ငနီ့ဖင်ငနက်လျက်နေကြသော စီးပွားရေးလုပ်ငန်းရှင် အား ပြန်၍ မြေငှားစားစားသော လုပ်ခွင်တစ်ခုပေါ်ပေါက်လာပြန်သည် ။ ကြံဖွတ်ပါတီ နိုင်ငံတော်၏မြေကိုမလိမ့်တစ်ပတ်လုပ်မှုဖြစ်၍ ပါတီဖျက်သိမ်းသည်အထိ အရေယူခံရနိုင်သော ၊ ထိုစဉ်ကခွင့်ပြုပေးခဲ့သော ကြံ့ဖွတ်ပါတီခေါင်းဆောင်များဖြစ်သောဦးသိန်းစိန်၊ဦးရွှေမန်း ၊ ဦးသန်းဌေး တို့ ကို အဂတိလိုက်စားမှုဖြင့် အရေးယူ၍ရသော်လည်း ဦး၀င်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်က သဘောထားကြီးစွာ အရေးမယူပဲ ခွင့်လွှတ်ပေးခဲ့သည် ။ နေပြည်တော်ရှိကြံ့ဖွတ်ရုံးမြေနေရာသည်လည်း ကာလပေါက်စျေးထက် များစွာလျှော့ကာ နိုင်ငံတော်က ကြံ့ဖွတ်ပါတီအားနေရာချထားပေးခဲ့မှုသည် ယခုမင်းအောင်လှိုင်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်တို့အားစွပ်စွဲနေသော လရောင်တော စိုက်ပျိုးရေးခြံမြေကွက်ထက်ပင်ဆိုးပါသေးသည် ။ သို့သော် ထိုအချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည်တို့သည် သိလျက်နှင့် ခွင့်လွှတ်ပေးခဲ့ပါသည် ။
ထို့ထက်အလွန် မြကျွန်းသာ ပေါ်မှဆောက်လုပ်ရေးလုပ်ငန်းများကိစ္စ ၊ ရွှေတိဂုံဘုရားအနီးမှ တပ်ပိုင်မြေပေါ်တွင်အထပ်မြင့်ကွန်ဒိုဆောက်သည့်ကိစ္စ ၊ ကန်တော်ကြီး ဥယျာဉ်ကိုချေးပေါသေးပေါစျေးဖြင့် ဇေကမ္ဘာခင်ရွှေကိုချပေးခဲ့သည့်ကိစ္စ ၊ ဦးသိန်းစိန်ရာထူးမှဆင်းကာနီးရက်ပိုင်းအလိုတွင်ကပ်၍ နိုင်ငံပိုင်မြေကွက်ပေါင်းများစွာကို ပုဂ္ဂလိကပိုင်ပေးသည်ဟုဆိုကာ စစ်မျိုးစစ်နွယ်များ ခရိုနီတို့နှင့်ပေါင်းကာ ခွဲစိတ်ဖြတ်တောက်ရယူခဲ့ကြသည့်ကိစ္စ ၊ ဖားကန့်လုပ်ကွက်တွင်နေရာကောင်းဟူသမျှကို ဦးပိုင်နှင့်စစ်ဗိုလ်ချုပ်ဟောင်းများရယူထားသည့်ကိစ္စ၊ပင်လယ်အတွင်းမှမြိတ်ကျွန်းစု၏ကျွန်းများကို ခရိုနီကြီးများ ၊ ဒုတိယသမ္မတ စိုင်းမောက်ခမ်း၏သမီးစသည့်နာမည်များသုံးကာအသီးသီး သိမ်းပိုက်လိုက်ကြသည့်ကိစ္စ စသည့်စသည့်ကိစ္စများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ကာအုပ်ချုပ်မည့် ၂၀၂၁- ၂၀၂၆ ကာလများတွင်တစ်စတစ်စ ပေါ်ပေါက်လာတော့မည်ကို မင်းအောင်လှိုင်ကြောက်သည် ။ မင်းအောင်လှိုင်လိုပင် သူသီဟသူရတင်အောင်မြင့်ဦးကြောင်သည် ။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကြောက်သည် ။ ဗိုလ်ချုပ် မြင့်ဆွေကြောက်သည် ။ တိုင်းမှူးများ ကြောက်သည် ။ ၀နကြှီး ဟောင်းများကြောက်သည် ။ ပြည်နယ်နှင့်တိုင်းဒေသကြီး၀န်ကြီးချုပ်များကြောက်သည် ။ကြံ့ဖွတ်အကြီးအကဲများကြောက်သည် ။ အေးနေ၀င်းလို ၊တေဇလို ၊ ယူဇနဌေးမြင့်လို ၊ ဇေကမ္ဘာခင်ရွှေလို ၊ အောင်ကို၀င်းလို ခရိုနီများကြောက်သည် ။ ထို့ကြောင့် သမ္မတရူးရူးနေသော မင်းအောင်လှိုင်ကို အာဏာသိမ်း ဖို့ဝိုင်း၀န်းအားပေးကြသည် ။ဘေးတီးပေးကြသည် ။ နောက်ကွယ်က ရပ်တည်ပေးကြသည် ။ သူတို့၏အဓိကရည်မှန်းချက်မှာ မကြာမီတက်လာနိုင်သော ရွေးကောက်ခံအစိုးရလက်ထက်တွင် ခိုးထားခဲ့သမျှ ပေါ်ကုန်မှာကြောက်ရွံ့သည့်စိတ်ဖြစ်သည် ။ ခိုးထားသမျှ အမှုတွေမပေါ်ပေါက်ဖို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တို့အာဏာမရဖို့လိုသည် ။ ကြံ့ဖွတ် သို့မဟုတ် စစ်တပ်ဆိုသော သူခိုးနှစ်ဖွဲ့ အာဏာရနေဖို့လိုသည် ။ ထို့ကြောင့် ကြံ့ဖွတ် ၊ စစ်တပ် ၊ခရိုနီတို့ပူးပေါင်းကြသည် ။ စစ်တိုင်းမှူးများကလည်းဒီမိုကရေစီ အစိုးရလက်ထက်တွင်အရင်လိုစိတ်ကြိုက်ခိုးလို့မရသဖြင့် NLD အစိုးရကိုပြုတ်ကျစေလိုသည်။သူခိုးတို့ညီညွတ်ကြသည့်ပွဲဖြစ်သည် ။ ထို့ကြောင့် မင်းအောင်လှိုင်တစ်ယောက်တည်းလားဟုမေးလာလျှင် ။သူ့ချည်သာလော ၊ ပြည်သူ့ချဉ်ဖတ်များ နှင့်ပါဖုရာ့ ဟုဖြေဆိုရမည်ဖြစ်သတည်း။
သရ၀ဏ်(ပြည်)
#Credit
#အရေးတော်ပုံမုချအောင်ရမည်
#Book_House 📖
Bonus Code: BONUS88 - Casino in Uganda
ReplyDeleteThe code BET88 is also available for 1x bet sports betting 온라인 바카라 사이트 in Uganda. 돈포차 You 강원 랜드 칩 걸썰 can claim this bonus now at 바카라 검증사이트 www.bonus88.com.