တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၂) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၂) (မောင်စိန်ဝင်း-ပုတီးကုန်း)


    ( ၁  )

“ဒါဆို ဗညားက ဗညား ဖေဖေကိုတော့ တွေ့လိုက်ရသေးတာပေါ့နော်

တင်မေကျော်က ဗညား စကားအဆုံးမှာ မေးလိုက်သည်။ တင်မေကျော်ကို စူးစိုက်ပြုံးပြလျက် ဗညားက ခေါင်းကို ယမ်းခါပြလိုက်

ပြီးတော့မှ သက်ပြင်းကို ချကာ . .

“ငါ ရန်ကုန် ရောက်လို့ ဆေးရုံကြီးလဲရောက်ရော ဖေဖေက အသက်မရှိတော့ဘူး မေကျော်


"သြော်.


“မြင်ရုံပဲ မြင်လိုက်ရတာပေါ့နော်


မူမူက ရေနွေးကရားကို လှမ်းယူရင်း မေးလိုက်သ


“ဟုတ်တယ်၊ မြင်ဖူးတယ်ဆိုရုံပဲပေါ့ မူမူရယ်၊ အသက်ရှင်လျက် မိဘ နှစ်ပါးကို တွေ့ဖူးတဲ့ အခွင့်အရေး ကိုယ့်မှာ မရခဲ႔ဘူး”


ပြောရင်း . . . ဆိုင်အပြင်မှ ဗာဒံပင် ရွက်ကြွေတွေဆီ အကြည့်ရောက်သည်


“မင့် ဆရာတော်က နာမည်ပေးတော့ အတော်လေး ခေတ်မီတာပဲ ဗည


တင်ထွန်းမြင့် က စကားလွှဲသည်။ သူ ထိခိုက်ခံစားသွားရတာကို သိလိုက်သည့်နှယ် စကားလမ်းကြောင်း ပြောင်းလိုက်သည်ထင်၏။ တင်ထွန်းမြင့် မျက်နှာဆီသို့ ဗညားက လှည့်ကြည့်သည်။ ပြီးတော့ ငှဲ့ထားသော ရေနွေးကြမ်း ပန်းကန်ကို ကောက်ယူသောက်လိုက်


“ငါ . . . မင်းတို့ကို မပြောပြဖူးသေးဘူး ထင်တယ်၊ ဘုန်းဘုန်းက စာအရမ်းဖတ်တယ်၊ လောကီ လောကုတ္တရာ စာတော်တော် များများကို ဖတ် တယ်ကွ ၊ ငါ စာဖတ်ကျင့် ရလာတာလဲ ဘုန်းဘုန်းရဲ့ ကျေးဇူကြောင့်ပဲ၊ ငါ့ကို ဗညားလို့ နာမည်ပြောင်းပေးခဲ့တာ ရည်ရွယ်ချက်ရှိတယ်ကွ ၊ ငါ့ကို ဘုန်းဘုန်းက ပြောပြခဲ့ဖူးတယ်၊ မွန်ပညာရှိ အမတ်ကြီး ဗညားဒလကို သဘောကျလို့ ဗညား လို့ နာမည်ပေးခဲ့တာတဲ့


“ဘာလဲ .. ရာဇာဓိရာဇ် အရေးတော်ပုံ ရေးခဲ့တဲ့ ဗညားဒလပေါ့နော်


"ဟုတ်တယ် မေကျေ


“နင့် ဘုန်းဘုန်းက စာဖတ်တယ်နော်


"စာ သိပ်ဖတ်တယ် ၊ အဲဒီ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို တော့ ဘုန်းဘုန်းက သိပ်ကြိုက်တ


“ငါ့ကို ငယ်ငယ်လေးကတည်းက ဖတ်ခိုင်းတယ်ဘယ်နားလည်မလဲ၊ နားမလည်တာကို သူက ရှင်းပြတယ်လေ၊ ဘုန်းဘုန်းက ရာဇာဓိရာဇ်နဲ့ လဂွန်းအိမ်ရဲ့ စရိုက်ကို အရမ်းသဘောကျတာ”  


“ဘာဖြစ်လို့လဲ


ဟု မူမူက စကားထောက်သ


“မေကျော် ဖတ်ဖူးတယ် မဟုတ်လာ


ဆိုတော့ တင်မေကျော်က ခေါင်းကို ညိတ်


“ပြောပါဦး ငါတို့ မဖတ်ဖူးဘူး” ဟု တင်ထွန်းမြင့်က ပြောသည်


“မေကျော် မှတ်မိမှာပေါ့၊ ရာဇာဓိရာဇ်ရဲ့ မိဖုရားကို လဂွန်းအိမ်ကတောင်းတာ


“မှတ်မိတယ် ဗညာ


“တို့ သိအောင် ပြောဦးလေကွ


ဟု တင်ထွန်းမြင့်က မေးပြန်


“စစ်ထွက်ခါနီးမှာကွာ ၊ လဂွန်းအိမ် စိတ်ဓာတ်တက်ကြွအောင် ဆိုပြီး တော့ ရာဇာဓိရာဇ်က သူ့မိဖုရားကို ကွမ်းဆက်ခိုင်းတယ်၊ နောက်နေ့ရောက် တော့ စစ်ထွက်ချိန်မှာ လဂွန်းအိမ်က စစ်မထွက်ဘဲ အိပ်နေတော့ ရာဇာဓိရာဇ် စုံစမ်းခိုင်းတာပေါ့၊ လာစုံစမ်းတဲ့ အမတ်ကြီးတွေကို လဂွမ်းအိမ်က ပြောလိုက် တယ်တဲ့ 


မနေ့က ကွမ်းလာဆက်တဲ့ ရာဇာဓိရာဇ်ရဲ့ မိဖုရားကို သဘောကျပြီး ဝေဒနာ ခံစားနေရတယ်၊ သူ ဘာမှ လုပ်ချင်စိတ်မရှိတော့ဘူးပေါ့၊ စစ်ထွက် ရင်လဲ သေမှာပဲ၊ ဒီစကားပြောရင်လဲ ရာဇာဓိရာဇ်က သတ်လို့ သေမှာပဲ ၊ အဲဒီတော့ စစ်မထွက်ဘဲ အသေခံတော့မယ်လို့ လျှောက်တယ်တဲ့ ၊ လာမေးတဲ့ အမတ်ကြီးတွေကို ဒီအတိုင်း ဘုရင်ရာဇာဓိရာဇ်ကို လျှောက်ပေးပါဆိုတော့ အမတ်ကြီးတွေက လျှောက်တာပေါ့နော်


မူမူက မေးတော့ ခေါင်းညိတ်ဖြေသ


“အဲဒီတော့ ရာဇာဓိရာဇ်က ဘာပြန်ပြောလဲ


တင်ထွန်းမြင့်က မအောင့်နိုင်ဘဲ မေး


“ရာဇာဓိရာဇ်က သူရဲကောင်းတစ်ယောက်ရဲ့ တန်ဖိုးကို သူနားလည်တယ်၊ ဒါကြောင့် သူ့မိဖုရားကို ခေါ်ပြီး လဂွန်းအိမ်ရှိရာကို သွားခိုင်းသတဲ့၊ လဂွန်းအိမ်ကို သူ့မိဖုရား ပေးလိုက်တာပေါ့ကွ


“အံ့ဩစရာပဲ


တင်ထွန်းမြင့် အံ့ဩစကားဆိုသ


“လဂွန်းအိမ်က မိဖုရားကို မြင်တော့မှ ဦးခိုက်ကြိုဆိုပြီးတော့ သူ့အရှင် ရာဇာဓိရာဇ်ရဲ့ စိတ်ကို သူ စမ်းတာပါ၊ သူ့ကို ဘယ်လောက် တန်ဖိုးထားတယ်၊ ချစ်မြတ်နိုးတယ်ဆိုတာ သူ သိချင်လို့ပါ၊ သူ့ကို တန်ဖိုးမထားဘဲနဲ့ အသက်နဲ့ ရင်းရတဲ့ တိုက်ပွဲကို သူ မစွန့်သင့်ဘူး ထင်လို့ သိရအောင် လုပ်တာပါလို့ ပြောတယ်တဲ့အခုလို သူ့ကို တန်ဖိုးထားပြီး ချစ်ခင်ကြောင်း သိရတော့ ရာဇာဓိရာဇ်အတွက် သူ အသက်စွန့်ဖို့ ဝန်မလေးတော့ပါဘူးပြောပြီး စစ်ထွက်တော့တာပဲ


“အရှင်သခင်နဲ့ လက်အောက်ငယ်သားတွေရဲ့ ကျေးဇူးတရားနဲ့ တန်ဖိုးသိတတ်မှုကို ပြသွားတယ်၊ အရမ်းကောင်းတယ်မေကျော်လဲ စွဲနေတ


ဟု မေကျော်က ဝင်ပြောသည်


“လဂွန်းအိမ်ကို မင်းရဲကျော်စွာတို့က ဖမ်းမိလို့ ထမင်းကျွေးတော့ လဂွန်းအိမ်ပြန်ပြောတဲ့ စကားကိုလဲ အရမ်းသဘောကျတ


ဟု ဗညားက ဆက်သည်


“ပြောပါ


ဟု မူမူက စကားထောက်


“အရှင်နှစ်ယောက်ရဲ့ ထမင်းကို ငါမစားတဲ့ ၊ ငါစားတဲ့ ထမင်းရှင်ရဲ့ ကျေးဇူးသစ္စာကိုသာ ငါစောင့်မည်တဲ့အဲဒီလို အဓိပ္ပာယ်ရတဲ့ စကားကို ပြောတယ်ကွ


“ကောင်းလိုက်တာနော်၊ သိပ်ပြတ်သားတဲ့ စိတ်ဓာတ်မျိုးပဲ


မူမူက မှတ်ချက်ချ


“သူ့ကို ကွမ်းဆေးပဲ ကျွေးလို့ရတယ်ကွမ်းဆေးစားပြီးတော့တောင်မှ ကွမ်းဆေးကို စားမိတဲ့ ကျေးဇူးကြောင့် သတိပေးစကားတစ်ခုကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်ပြောပြမယ်ဆိုပြီး မင်းရဲကျော်စွာကို ကျေးဇူးတုံ့ပြန်ခဲ့သေးတယ်


“ဘာလဲ . . . သင့် ဦးကြီးတော်နဲ့ ဘယ်တော့မှ စီးချင်းမတိုက်လေနဲ့ဆိုတာလာ


“ဟုတ်တယ် မေကျော်


“ကျေးဇူးတရားကို သိတတ်လိုက်တာနေ


ဟု မူမူပြောသည်


“မင်းရဲကျော်စွာလဲ ဒီလိုပါပဲ၊ သူ့ကို ဖမ်းမိတော့ ဆေးကုသပြီး ပြန်ပို့ ပေးမယ်ဒီမှာနေချင်ရင်လဲ ဒီမှာ ထားမယ်ဆိုတာကို ဆေးကုသမခံဘဲ အသေခံသွားတာပဲ


ဟု ဗညားက ဆက်ပြောလေသည်


“အဲဒီ စိတ်ဓာတ်မျိုးတွေကို အခုခေတ်လူတွေ အတုယူသင့်တယ်နေ


တင်ထွန်းမြင့် စကားကြောင့် တင်ထွန်းမြင့် မျက်နှာကို ဖျက်ခနဲအကြည့်ရောက်


“ဘုန်းဘုန်းက ငါ့ကို ခဏခဏ သတိပေးတယ်၊ မင်း အဖေဟာ ကျေးဇူးတရားကိုလဲ မသိတတ်ဘူး၊ ကိုယ်ကျင့်တရားလဲ မစောင့်ရှောက်ဘူးတဲ့၊ မင်း အဖေအတွက် အကြွေးပါ မင်းမှာရှိတယ်၊ မင်းဟာ လဂွန်းအိမ်လို ကျေးဇူး သစ္စာကို စောင့်သိတဲ့ လူဖြစ်အောင် ကြိုးစားပါတဲ့


သူ့စကားကြောင့် အားလုံးက သူ့မျက်နှာဆီသို့ အကြည့်ရောက်ကြသ


“မင့် ဘုန်းဘုန်းက မင်းကို လဂွန်းအိမ်လို့တောင် နာမည်ပေးချင်နေ မှာ ၊ အဲဒီနာမည်က ထောင့်နေလို့ ဖြစ်မှ


တင်ထွန်းမြင့် က ရေနွေးကရားကို လှမ်းယူရင်း ပြောလိုက်


“ဟုတ်မယ် . . ဗညားလို့ နာမည်ပေးခဲ့တာ ၊ ဗညားဒလရေးခဲ့တဲ့အဲဒီအကြောင်းတွေကို သတိတရ ဖြစ်နေစေချင်လို့တဲ့ သူငယ်ချင်


ဟု တင်ထွန်းမြင့်ကို ကြည့်ကာ ပြောလိုက်သည်


•••••

     ( ၂ 

ဘူးသီးကြော် သွားစားရအောင်ဟု အတန်းလွှတ်တော့ မူမူကပြောသည်


“မူမူကလဲ ပိုက်ဆံ အပိုကုန်အောင်


ဟု တင်မေကျော်က ဟန့်


“ငါ ကျွေးမှာပါ၊ မနေ့တုန်းက ငါ ကျွေးမယ်လို့ မူမူကို ပြောလိုက်တ


တင်ထွန်းမြင့် က ဝင်ပြောသည်


“ဒါဆိုရင်လဲ ပြီးတာပါပဲ၊ နင်က သူဌေးသားဆိုတော့ နင်ကျွေးရင် တော့ အားမနာပါဘူ


တင်မေကျော် အပြောမှာ ဗညားက ပြုံးပြလိုက်ရင်း ဖတ်လက်စ စာအုပ်ကို ပိတ်လျက် လွတ်အိတ်ထဲထည့်ကာ ထရပ်သည်။ စီးပွားရေး တက္ကသိုလ်နောက်ဘက်ဆီမှ ဖြတ်ပြီး အပေါက်ရှိရာကို ဦးတည်ခဲ့ကြ


"ပိုက်ဆံဖြုန်းရမယ့် အလုပ်ကို ငါ အရမ်းဂရုစိုက်ရတယ်၊ တက္ကသိုလ် ကို လာချင်လွန်းလို့ လာရပေမယ့် ဘယ်နေ့မှာ အိပ်ရာလိပ်ပြန်ရမလဲဆိုတာ တထိတ်ထိတ်နဲ့ စောင့်နေရတာ” 


ရှေ့တူရှုကို ကြည့်ရင်း တင်မေကျော် ပြောလိုက်သည်


 “အများစုက ဒီလိုပါပဲ


ဟု ဗညားက ပြောတော့ ဗညား မျက်နှာဆီသို့ တင်မေကျော်လှည့်ကြည့်သည်


“အေးပေါ့လေ . . . . ငါ့ထက်ဆိုးတဲ့ သူတွေလဲ ရှိချင်ရှိမှာပေါ့ ၊ ငါက အမေ့ကို သိပ်သနားတာ၊ တစ်အိမ်လုံးက အမေ့လုပ်စာ တစ်ခုတည်းနဲ့ ရပ်တည်နေရတာ၊ အဖေ့ပင်စင်က ဖြစ်လောက်တာမှ မဟုတ်


“နှင့် မောင်တွေ အလုပ်လုပ်သေးလာ


ဟု မူမူက မေးလိုက်သည်


“ဘာ အလုပ်ရမှာလဲ မူမူရာ၊ တစ်ယောက် ဆယ်တန်း ဘီနဲ့အောင် ပြီး ဟိုရုံးလျှောက်လွှာတင် ၊ ဒီရုံးလျှောက်လွှာတင်ပေါ့၊ အငယ်ကောင်ကတော့ဒီနှစ်မှ ဆယ်တန်းဖြေမှာ၊ ညီမကတော့ ငါ့ကို ညှာပြီး ကျောင်းထွက်လိုက်ရ တာ၊ အခုတော့ အမေ့ဆိုင်မှာ ကူရောင်းတဲ့ အလုပ်ပေ


“မုန့်တီဆိုင်နော်


ဟု မူမူက မေးတော့ တင်မေကျာ် ခေါင်းညိတ်ဖြေသည်


“မန္တလေးက မုန့်တီတို့ ထိုးမုန့်တို့က နာမည်ကြီးတယ်နေ


အင်းလျားကန်ပေါင်က အကြော်ဆိုင်နား အရောက်မှာ တင်ထွန်းမြင့် ပြော၏။ ကန်ဘောင်ဘေးနားက စားပွဲပုလေးမှာ သူတို့ လေးယောက် ဝိုင်းထိုင်လိုက်ကြသည်


“မန္တလေးဖိနပ်တို့ ၊ မန္တလေးမုန့်တီတို့မန္တလေးထိုးမုန့်တို့က မန္တလေးရဲ့ တကယ့်နာမည်ကြီးတဲ့ ပစ္စည်းတွေပဲ၊ ဒါပေမယ့် အခုနောက်ပိုင်းမှာ မုန့်တီဆိုင် အရင်ကလို မပေါတော့ဘူ


"ဟင်... ဘာဖြစ်လို့လဲ


အကြမ်းကရားကို ကိုင်ရင်း မူမူက မေးသ


“တရုတ်အစားအစာ ၊ ရှမ်းအစားအစာတွေကဝင်ပြီး နေရာယူလိုက်ကြပြီလေ


“ဟုတ်လာ


ဟု မူမူက ပြောရင်း ရေနွေးကြမ်းကို ငှဲ့သည်


“လူနေမှု အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ပြောင်းလဲမှုတစ်ခုပေါ့နေ


“ဟုတ်တယ် ဗညာ


တင်ထွန်းမြင့်က အကြော်လေးပွဲ မှာလိုက်


“မန္တလေးကို ဖေဖေ အလုပ်နဲ့ ပြောင်းရတုန်းက မေမေ အမွေရတဲ့ အိမ်ကလေး မန္တလေးမှာရှိတော့ အတော်ပဲဆိုပြီး ရန်ကုန်က ပြောင်းခဲ့ကြတာ ပေါ့၊ ရန်ကုန်မှာ အိမ်ငှားနေရတဲ့ ဘဝက လွတ်ပြီဆိုပြီးတော့ မေမေက သိပ် ပျော်တာ ၊ ဖေဖေ ပင်စင်ယူပြီး မကျန်းမမာလဲဖြစ်ရော အဲဒီအိမ်ကိုပါ ရောင်း လိုက်ရရော၊ ပြီးတော့မှ အခုနေတဲ့ ရပ်ကွက်ကို ပြောင်းခဲ့ကြရတာ၊ မြို့ထဲက မြို့စွန်ရောက် ၊ အိမ်ကောင်းကောင်းက အိမ်စုတ်စုတ်ကို ရောက်ပေါ့၊ မေကျော် ပြောချင်တာက မြို့လယ်မှာ အရင်အိမ်တုန်းက ရောင်းခဲ့တဲ့ မေမေ့ မုန့်တီဆိုင် လေးလဲ ရပ်ကွက်ထဲ ရောက်လာရတာပေါ့၊ အဲဒီလိုနဲ့ အဲဒီနေရာကို ဝယ်တဲ့ သူက တရုတ်အစားအသောက်ဆိုင်ကြီး ဖွင့်လိုက်တာပဲပေါ့


မေကျော် စကားအဆုံးမှာ ရောက်လာသော အကြော်ပွဲတွေကို ဗညား က လှမ်းယူပြီး စားပွဲပေါ်တင်သ


“အခုရော နှင့်အဖေ ကျန်းမာသွားပြီလား


မူမူက မေကျော်ကို မေးသည်


“အရင်ကထက်တော့ သက်သာတယ် ခေါ်ရမှာပေါ့ဟာ၊ လေဖြတ် ထားတာဆိုတော့ သန်သန်မာမာ လူလိုတော့ ဘယ်ဟုတ်တော့မလဲ၊ အိမ်ရောင် းလို့ရတဲ့ ငွေကလဲ ဖေဖေ့ကို ဆေးကုပေးရတာပဲ အဖတ်တင်လိုက်


“နာတာရှည်ဆိုတော့ ငွေကုန်တာပေါ့ဟာ ၊ ဒီခေတ်ထဲမှာ မကျန်း မမာဖြစ်လို့ ဆေးကုရရင် လွယ်တာမှတ်လို့


မူမူ့စကားကို ဘာမှ ပြန်မပြောတော့ဘဲ တင်မေကျော်က ဘူးသီးကြော် တစ်ခုကို လှမ်းယူလိုက်


••••

   ( ၃ 

“ဟင် . . . နင် မပြန်သေးဘူးလား ဗညား


လက်ဖက်ရည်ဆိုင်ထဲက အထွက်မှာ လှည်းတန်းဈေးဘက်မှ လျှောက်လာသည့် မေကျော်တို့နှင့် ဆုံသည်


“အိမ်မပြန်ချင်သေးတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေ


“နင် တစ်ယောက်တည်းလာ


ဟု မူမူက မေးသည်


“စောစောကပဲ တင်ထွန်းမြင့် ပြန်သွားတ


“ခါတိုင်း နင့်ကို ကားနဲ့ ကြိုနေကျပဲဟ


တင်မေကျော်က နားမလည်သလို မေးသည်။ ကားနှင့် ကျောင်းလိုက်ပို့ပေးတာ ကားနှင့် လာကြိုတတ်တာကို တင်မေကျာ် သိနေခဲ့သည်ပဲ


“လာမကြိုစေချင်လို့ သူငယ်ချင်းတွေနဲ့ စာကြည့်စရာရှိတယ် ပြော ထားတ


အတူယှဉ်လျှောက်ရင်း လမ်းကို အဖြတ်မှာ ပြောလိုက်သည်။ 


“နင် မာလာ မှတ်တိုင်က စီးပါလား၊ လမ်းလျှောက် စကား ပြောရတာပေါ့


ဟိုဘက်ပလက်ဖောင်းအရောက်မှာ မူမူက ပြောသ


“ရတယ်


ဟု ပြောရင်း ပြည်လမ်းဘက်ကို ချိုးကွေ့သ


“နင့် အစ်ကိုနဲ့ စိတ်ဆိုးလို့လာ


တင်မေကျော်က ဖျတ်ခနဲ ကြည့်ရင်းမေးတော့ တင်မေကျော်နှင့်အကြည့်ဆုံသည်


“အစ်ကိုက အေးပါတယ် မေကျော်ရာ၊ အစ်ကိုက ငါ့ကို အရမ်း နားလည်တယ်၊ ခက်တာက အစ်ကို့မိန်းမ


“နင်နဲ့ အဆင်မပြေဘူးလား


မူမူက မေးလိုက်သည်


“သူက ငါ့ကို ကြည့်မရဖြစ်နေတာဆိုတော့ ခက်တယ်၊ ငါဘာလုပ်လုပ် အပြစ်ချည်း မြင်နေတာပဲ ၊ အစ်ကို အိမ်ထောင်မကျခင်ကဆို ငါ အရမ်းကိုစိတ်ချမ်းသာတာ ၊ အိမ်ထောင်ကျပြီးမှ နေရတာ အရမ်းကျဉ်းကျပ်တာပဲ သူတို့ လင်မယား စကားများရင် ငါ ဘယ်ပြေးရမှန်း မသိတော့ဘူ


"ဟဲ႔…နင့်အစ်ကို အိမ်ထောင်ကျတာ မကြာသေးဘူးဆိုလင်မယား ခဏခဏ ရန်ဖြစ်တာပဲလာ


မူမူက တအံ့တဩ မေးပြန်သည်


“သူတို့က ချစ်လို့ ယူကြတာမှ မဟုတ်ဘဲ မူမူရယ်၊ လူကြီးချင်းတွေ ပေးစားလို့ ညားကြတာဟာအစ်ကိုကသာ ရည်စားမရှိခဲ့တာ မမကေသီမှာချစ်သူရှိတယ်အဲဒီကိစ္စ ခဏခဏ စကားများစရာလို ဖြစ်နေတ


ဒုက္ခနော်” ဟု တင်မေကျော်က ရေရွတ်သည်


ဂျပ်ဆင်ဆီကို လှမ်းမျှော်ကြည့်လိုက်မိပြန်သ


“ငါ တက္ကသိုလ်ရောက်လာရတာ ၊ မကြောင့်မကြနေနိုင်ခဲ့တာ အစ်ကို ကျေးဇူးတရားတွေကြောင့်ဆိုတာ ငါအမြဲသတိရနေတယ်၊ ဒါကြောင့် မမကေသီ ငါ့ကို ဘယ်လောက်နှိမ်နှိမ် ငါ သည်းခံနေတယ်ဟာ၊ တစ်ခါတစ်လေဆို ငါ့ကို အရမ်းနှိမ်ပြီး ပြောတာဆိုတ


“အလုပ်လုပ်လာ


မူမူက မေးလိုက်သည်


“မမကေသီလား ၊ လုပ်တယ်


“ယောက်ျားနဲ့ တန်းတူ အလုပ်ကလဲရှိတယ်၊ ချမ်းချမ်းသာသာ မိဘရဲ့ သမီးဆိုတော့လဲ မာနရှိတာပေါ့ဟ


မူမူက မှတ်ချက်ပေးသည်


မူမူကို ဘာမှ ပြန်မပြောမိတော့ဘဲ သက်ပြင်းရှည်ကိုသာ ချလိုက်မိ၏။ သူ သက်ပြင်းချလိုက်တာကို တင်မေကျော် ကြားသွားသည်လား မသိ။ သူ့မျက်နှာကို လှည့်အကြည့်မှာ အကြည့်ချင်း ဆုံသ


*** *** *

၃ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတေ

#တမာသားလေးမှတ်စု #Book_Houseာ့။**ည်။။ာ”လေ”။း”ာ”ည်။။ယ်“။း”း”။ ” ပဲ”။း"ည်။”ည်။"  ာ'။ ာ"ယ်"။း”တာ”။”)•••၏။”တာ”။" ည်။"၏။း”ာ်”။း”။”ည်။” း”။ာ်”။ ”ါ့”။း”ဘဲ”။ဟာ”။   ၏။း”။ာ" ၏။"။)•••။း”၏။ာ”ည်။”၏။ာ္"။လေ"။ာ်””း”လေ”၏။” ”၏။ဦး”။ယ်”။ယ်”"ည်။”ာ”၏။ "ည်။"၊ ၏။ာ"း”လေ”။၏။း”ည်။”  ာ" ”ာ်””” ၏။ား”။  ည်။”.."” .၏။”

 )လိုက်တာကို တင်မေကျော် ကြားသွားသည်လား မသိ။ သူ့မျက်နှာကို လှည့်အကြည့်မှာ အကြည့်ချင်း ဆုံသည်။


*** *** ***

၃ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.