Social phobia လူတောတိုးရမှာကြောက်ခြင်း (ဒေါက်တာတင့်ဆွေ)
ကျွန်တော့်အသက် ၂၂ ပါဆရာ။ ကျွန်တော် လူကြားထဲသွားရင် နေရတာမကောင်းဘူး။ လူတွေကိုလည်း မျက်နှာချင်းဆိုင်ပြီး မကြည့်ရဲဘူး။ အဲလိုကြည့်မိရင်လည်း ရင်ထဲမှာမကောင်းသလိုမျိုးဖြစ်တယ်။ လူကြားထဲသွားရင်လည်း လူတွေနဲ့မျက်နှာချင်းဆိုင်တွေ့ရင် မျက်လုံးတွေက မျက်ရည်ပဲထွက်ချင်သလိုလို ဖြစ်တယ်။ ရင်တွေတုန်သလိုလိုနဲ့ ခြေလှမ်းတွေလည်းမမှန်တော့ဘူး။ ဘယ်လိုဖြစ်နေမှန်းကိုမသိဘူး။ အဲဒါစိတ်ရောဂါလားဆရာ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပြသင့်ပါသလား။
• လူတောတိုးရမှာကြောက်တဲ့စိတ်အခြေအနေကို Social anxiety disorder (SAD) လို့လဲခေါ်တယ်။
• အဖြစ်မနည်းပါ။ ယူအက်စ်မှာ ၂-၇%၊ ယူကေမှာ ဝ့၄%၊ သြစတေးလျမှာ ၁-၂%၊ ဘရာဇီးလ်မှာ ၄့၉-ရ့၉% ဒီစိတ်အခြေအနေ ခံစားနေရတယ်။ အမြဲဖြစ်နေတာမဟုတ်ပေမဲ့ ဘဝတတွေ့မှာတွေ့ရသူ အမေရိကန်တွေထဲမှာ ၁၂% ရှိတယ်။
• အဲလိုလူတွေနဲ့ရောရမှာကိုစိုးရိမ်စိတ်ရှိနေလို့ အဆင်မပြေတာတွေဖြစ်လာရတယ်။ လွန်ကဲမှုမတူပါ။ ဘာကို ကြောက်သလဲဆိုတာလဲ မတူကြပါ။
• ငယ်ရွယ်စဉ်မှာပိုဖြစ်ကြတယ်။ အသက် ၁၁ နှစ်မှာ ၅ဝ% နဲ့ အသက် ၂ဝ မှာ ၈ဝ% ဖြစ်တယ်။ ငယ်တုံးဖြစ်ရလို့ အရက်သေစာနဲ့ မူးယစ်ဆေးဘက်ကိုတိမ်းညွတ်စေနိုင်တယ်။
• ကြောက်စိတ်ဝင်လာရင် မျက်နှာတွေနီမြန်းမယ်၊ ချွေးပြန်မယ်၊ ရင်တုန်မယ်၊ လက်တုန်မယ်၊ ပျို့အန်မယ်။ စကားပြောတာမှာပါ ထစ်အအဖြစ်နိုင်သေးတယ်။ သိပ်ဆိုးချိန်မျိုးမှာ ဆောက်တည်ရာမရလုပ်တာမျိုး ဖြစ်တတ်တယ်။
• စိတ်အထူးကုဆရာဝန်တွေက အကောင်းဆုံးလုပ်ပေးနိုင်ပါတယ်။ Cognitive behavioral therapy ခေါ်တဲ့စိတ်ကုသနည်းဟာ ပဌမဆုံးလုပ်သင့်တဲ့ကုသနည်းဖြစ်တယ်။ စဉ်းစားနည်းပုံစံကိုပြင်ပေးမယ်။ ဖြစ်လာရင် ရုပ်ပိုင်းဆိုင်ရာတုန့်ပြန်မှုဘယ်လိုလုပ်သင့်သလဲကို သင်ပေးမယ်။
• လိုအပ်သူတွေကို Medications ဆေးပေးမယ်။ Selective serotonin reuptake inhibitors (SSRIs) အုပ်စုဝင် ဆေးတွေကိုပေးတယ်။ Serotonin-norepinephrine reuptake inhibitors (SNRIs) နဲ့ Monoamine oxidase inhibitors (MAOIs) တွေကိုလဲသုံးပါတယ်။ Beta blockers ဆေးမျိုးနဲ့ Benzodiazepines ဆေးတွေကိုလဲ အလွယ်ပေးနိုင်တယ်။
#ဒေါက်တာတင့်ဆွေ
#လူတောတိုးရမှာကြောက်ခြင်း #လူကြောက်ခြင်း
#စာပေရိပ်မြုံ #တမာသားလေးမှတ်စု #Social Phobia
Leave a Comment