တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁၁) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁၁) (မောင်စိန်ဝင်း-ပုတီးကုန်း)


    { ၁၁)

ဘူတာမှ ရထားလက်မှတ် ဘွတ်ကင်လုပ်ပြီးတော့ . . 

“ဖေဖေ့ မိတ်ဆွေတစ်ယောက် အိမ် ခဏသွားမယ်ကွာ ၊ ကားဆွဲ ကြည့်မယ် ၊ ရရင်တော့ မနက်ဖြန် မင်းတို့အတွက် အဆင်ပြေသွားတာပေါ့”ဟု တင်ထွန်းမြင့် ပြောသည်

နန်းရှေ့မှာရှိသော တင်ထွန်းမြင့် မိတ်ဆွေအိမ်ရောက်သည်။ မနက်ဖြန် ကားလိုချင်ကြောင်း ပြောတော့ အားလုံး အဆင်ပြေသွာ


“အတော်ပဲကွာ ၊ ငါ တောင်သမန်အင်းကို သွားချင်တယ်


အပြန်မှာ တင်ထွန်းမြင့်ကို သူပြောဖြစ်သည်


“ငါ သိပါတယ်၊ အဲဒီကို သွားဖို့ ငါလဲ သတိရနေတယ်၊ မန္တလေး ရောက်တာနဲ့ မင်းတို့ ပြောပြခဲ့ဖူးတဲ့ မောင်ဖေငယ်အကြောင်း ငါသတိရလာ တယ်၊ ငါတောင် သတိတရရှိနေသေးတာ မင်းဆိုဘယ်လောက် သတိရနေမယ် ဆိုတာ ငါ မှန်းမိပါတယ်ကွ


တင်ထွန်းမြင့်က သူ့ကို ပြုံးပြီး ပြန်ပြောလိုက်


တည်းခိုခန်းထဲလှမ်းကာ သော့ယူရန် အသွားမှာ . 


“စောစောကပဲ တယ်လီဖုန်းလာသွားတယ်၊ မေကျော်လို့ ပြောသွားတယ်" ဟု တည်းခိုခန်း မန်နေဂျာက လှမ်းပြောသည်


“ဘာမှာသွားသေးလဲ မသိဘူး"ဟု နှုတ်မှ အလျင်စလို ထွက်သ


“ညနေ ပြန်ရောက်မှ ပြန်ဆက်မယ် ပြောသွားတယ်


ဆိုတော့ သက်ပြင်းရှည်ကို ချလိုက်မိပြန်


“သိပ်မလောပါနဲ့ကွာ ၊ တွေ့ ရမှာပေါ့


တင်ထွန်းမြင့်က ပခုံးပုတ်လျက် ပြောသည်။ လေးတွဲစွာ အပေါ်ထပ်သို့ တက်ခဲ့မိတော့


“ဟိုအိမ်ကို မဝင်ဖြစ်ရင် တွေ့မှာပဲနေ


“အခုလဲ . . ညနေပြန်ဆက်ပါမယ် ပြောသားပဲကွာ ၊ ဘာလို့ ..လောနေရတာလဲ


“မဟုတ်ပါဘူး ၊ သူ့အသံမကြားရတာ ကြာပြီကွ


သူ့စကားကြောင့် တင်ထွန်းမြင့် သူ့ကို နားလည်သွားဟန် ဘာမှဆက်မပြောတော့ ။


တင်ထွန်းမြင့်က ထမင်းဆာလောက်ပြီဆိုတာ သိနေလျက် အပြင် ထွက်၍ ဖုန်းလာတာနှင့် လွဲမှာ သူ စိုးရိမ်နေသည်


ညနေ ရောက်ကတည်းက ဂနာမငြိမ်ဘဲ အပေါ်တက်အောက်ဆင်းနှင့် သူ လုပ်နေတာကြည့်ပြီး တင်ထွန်းမြင့် ပြုံးသ


“အခု အချိန်မှာသာ မေကျော်က မင်းနောက်မလိုက်နိုင်ပါဘူး၊ သူ လက်ထပ်ဖို့ ကတိပေးပြီးပါပြီဆိုရင် မင်း ရူးသွားနိုင်တယ် ဗညား


ခုတင်ပေါ်မှာ ထိုင်ရင်း သူ့ကို လှမ်းပြောသည်။တင်ထွန်းမြင့် ဘေးမှာ ဝင်ထိုင်လိုက်ပြီး .


“မရူးတောင်မှ ရူးမတတ် ခံစားရမယ်ဆိုတာတော့ ငါဝန်ခံတယ်"ဟု ပြန်ပြောလိုက်သည်


ခဏငြိမ်နေပြီးမှ စားပွဲပုလေးပေါ်မှာရှိသည့် စီးကရက်ဘူးကို ထပြီးယူသည်။ စီးကရက်ဘူးကို ကောက်ကိုင်ရန် လုပ်စဉ်မှာပင် . “အစ်ကို တယ်လီဖုန်းလာတယ်. . . "ဟု တည်းခိုဆောင်မှ အလုပ်သမားလေးက လာပြောသ


စီးကရက်ဘူးကို စားပွဲပေါ်ပစ်ချလျက် အခန်းထဲက ကမူးရှူးထိုး သူ ထွက်သွားတာကို တင်ထွန်းမြင့် က ကြည့်လျက် ကျန်ခဲ့


အောက်ထပ်ရောက်တော့ ဘေးမှာ ချထားသည့် တယ်လီဖုန်းခွက်ကိုကြည့်ရင်း ရင်ခုန်သည်


တယ်လီဖုန်းကို ကောက်ယူလျက် သာမန်ထက် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိပြန်


“ဟလို”ဟု စ၍ ပြောလိုက်သည့် သူ့အသံမှာ ပုံမှန်မဟုတ်မှန်း ဘာသာသိသည်


တုန်ယင်လှုပ်ရှားစွာဖြင့် အသံသည် လှိုက်ခါ၍ နေလေမည်လားမ


“ဗညာ


တစ်ဖက်မှ တင်မေကျော်၏ အသံကို သူ စ၍ ကြားလိုက်ရသည်။ ရင်၌ ကြည်နူးမှုများစွာသည် ထို တဒင်္ဂမှာပင် မွေးဖွားဖြစ်ထွန်းသွား တာ သူသာ နားလည်လေမည်။ ဟလို ဆိုသည့် သူ့အသံကိုပင် တစ်ဖက်က မေကျော် မှတ်မိနေနိုင်တုန်းပါလားဟု ကြည်နူးစိတ်ရင်မှာ ဖြစ်ပြန်


“မေကျော်”ဟု နှုတ်မှ ပြန်ခေါ်ရင်း ဘာစကားမျှ နှစ်ဦးသား ပြောမထွက်ကြပြန်


“ဗညားတို့ အိမ်ရောက်ပြီး တော်တော်ကြာမှ မေကျော်က အပြင်ကပြန်ရောက်တာ နေ့လယ်က ဖုန်းတစ်ခါဆက်ကြည့်သေးတယ်


“ပြောတယ် မေကျော် ၊ ညနေဆက်မယ်ဆိုလို့ စောင့်နေတ


“ဗညား နေကောင်းလား


“အင်း ... ကောင်းပါတယ်


 “အခုလာတာ အလည်ပဲလာ


“မဟုတ်ဘူး ၊ မေကျော်ဆီက စာရလို့


'တင်ထွန်းမြင့် လိပ်စာနဲ့ ထည့်လိုက်တဲ့စာ ရတယ်နော်


“ရတယ် မေကျော် ၊ အဲဒါကြောင့် လိုက်လာ


တစ်ဖက်မှ စကားသံ တိတ်နေသည်


“မေကျော်”ဟု သူခေါ်လိုက်မိပြန်


ခဏကြာမှ ပြောလေ ဗညားဟု အသံထွက်လာရင်း သက်ပြင်းချသံကိုပါ ကြားရသ


“ကိုယ် . . . မေကျော့်ကို မခွဲနိုင်ဘူး


အသံကို နှိမ့်လျက် တယ်လီဖုန်းခွက်နားမှာ နှုတ်ခမ်းကို ကပ်လျက်လှိုက်မောစွာ ပြောလိုက်သည်


“မခွဲလို့မှ မရတာဘဲ ဗညားရ


တိုးညှင်းတုန်ခါသံကို ပြန်ကြားရပြန်၏


“နောက်မှ အသေးစိတ်ပြောမယ် မေကျော်ရယ် ၊ မနက်ဖြန်ဒီတည်းခိုခန်းကို မေကျော် လာခဲ့နော် ၊ ခုနစ်နာရီ လာခဲ့ကွာ ၊ တည်းခိုခန်းရှေ့က ထွက်စောင့်နေမယ်


ဘာမှ ပြန်ပြောသံကို မကြား


“အားလုံး စိတ်ညစ်စရာတွေ ဖြစ်ကုန်တော့မယ်၊ ဘာလို့လိုက်လာရတာလဲ


“ကိုယ်မှ မေကျော့်ကို မခွဲနိုင်


“မခွဲချင်လို့ ဘယ်ဖြစ်ပါ့မလဲ ဗညားရယ်၊ မေကျော်ဆိုတာ သူနောက်မှာ မိသားစု မောင်နှမတွေ ရှိနေသေးတာပဲ


“မနက်ဖြန်မှ ပြောမယ်ကွ


“အင်းလေ ၊ မနက်ဖြန် မေကျော်လာခဲ့မယ် စောင့်နေ ၊ ဒါပဲနော် ဖုန်းချလိုက်တော့မယ်


ပြောပြီး တယ်လီဖုန်းခွက်ကို ချသွားသည်။ ဖုန်းချသွားသည်အထိ ဖုန်းခွက်ကို ကိုင်ရင်း ငေးကြောင်ရီဝေစွာ ရပ်နေမိ


“ဘာတဲ့လဲ


ရပ်နေသော တင်ထွန်းမြင့် က မေးသည်


“အထဲ သွားရအောင်" ပြောပြီး အပေါ်ထပ် တက်လိုက်

••••••••

    ( ၄ 

“သူ ခေါင်းညိတ်လိုက်ပြီလားမှ မသိတာ


တင်မေကျော် ပြောခဲ့သည့် စကားတွေကို ပြန်ပြောပြအပြီးမှာ တင်ထွန်းမြင့်က သူ့အတွေးကို ပြော၏။လေပူတစ်ချက်ကို မှုတ်ထုတ်လုပ်ပြီး .


“ငါလဲ ဒီလိုပဲ တွေးမိတယ် တင်ထွန်းမြင့်”ဟု သူ ပြန်ပြောသည်


“ဘာဖြစ်လဲကွာ ၊ မနက်ဖြန်တွေ့ရင် မင်းဇွတ်သာပြော ၊ သူလက်ထပ် ထားသေးတာမှ မဟုတ်တာ ၊ မင်းမှာ အခွင့်အရေးရှိနေတုန်းပဲ ၊ လက်ထပ်ပြီး သား မိန်းမတစ်ယောက်ကို ဖြားယောင်းတာမှ မဟုတ်


တင်ထွန်းမြင့်ကို သူ ငေးကြည့်နေမိပြန်သည်


“ဘာဖြစ်ဖြစ် သူကလဲ မင်းဒီလိုလိုက်လာမယ် မထင်လို့ ခေါင်းညိတ် ကောင်း ညိတ်မယ် ၊ မင်းမျက်နှာမြင်ပြီး ဇွတ်ခေါ် ရင် တင်းထားနိုင်မှာ မဟုတ် ပါဘူးကွာ ၊ ချစ်သူချင်းတွေပဲ”


 တင်ထွန်းမြင့် စကားကို နားထောင်ရင်း 


“သူ့ဘက်က ဘယ်လိုအခြေအနေမှန်းမှ မသိသေးတာပဲကွာ”ဟု ပြောမိပြန်


“လက်ထပ်မှ ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးဆိုရင်တော့ ငါ သူ့ကိုထပ်ပြီး မညှဉ်းဆဲချင်တော့ပါဘူ


“အဲဒီလူကို လက်ထပ်မှ သူ့မိသားစု အဆင်ပြေမယ်ဆိုရင် ပြောတာလာ


“ဟုတ်တယ်” ဟု ခေါင်းညိတ်ပြလိုက်မိပြန်သည်။ သိပြီးပေ

•••••

မိုးလင်းခါနီးမှ အိပ်ပျော်သွားသော်လည်း ခြောက်နာရီ မထိုးခင်မှာ ပြန်နိုးနေပြန်၏။ ကိုယ်လက်သန့်စင် ရေမိုးချိုးပြီးတော့ တင်ထွန်းမြင့်ကို သူနှိုးသည်။ တင်ထွန်းမြင့် အိပ်ရာကထတော့ . “ငါ အောက်က စောင့်နေမယ် မင်း ဆင်းခဲ့တော့”ဟု ပြောကာ အခန်းထဲမှာ ထွက်သည်


“အစောကြီးရှိပါသေးတယ်ကွာ"ဟု နာရီကြည့်ရင်း တင်ထွန်းမြင့် ပြောသည်


“မင်း ကားသွားယူရဦးမှာ


အခန်းထဲကို လှမ်းကြည့်ပြီး သတိပေးသည်


“ငါ မမေ့ပါဘူ


ပြောကာ တင်ထွန်းမြင့် အခန်းထဲက အထွက်မှာ သူအောက်ထပ်သို့ ဆင်းခဲ႔သည်။အောက်ထပ် ဧည့်ခန်းမှာ လူရှင်းနေသ


ဝင်ထိုင်လျက် မှန်တံခါးမှာ အပြင်ကို ငေးနေမိ၏။ ခဏအကြာမှာတင်ထွန်းမြင့် ဆင်းလာသည်


“ငါသွားမယ် ဗညား ၊ တကယ်လို့ ငါမလာခင် မေကျော် ရောက်လာ ရင်လဲ စကားပြောနေပေါ့ ၊ ငါ အမြန်ဆုံး ပြန်လာမှာ


“နေဦး မင်း ဘာနဲ့ သွားမှာလဲ ၊ ဆိုက်ကားနဲ့ သွား


ခေါင်းညိတ်ပြရင်း တင်ထွန်းမြင့် ထွက်သွားသည်။ လက်က နာရီကို ငုံ့အကြည့်မှာ ခြောက်နာရီ ခွဲတော့မည်မှန်းသိ၏။ ခုနစ်နာရီလာမည်ဆိုသည့် အသံကို နားမှာ ကြားယောင်နေသည်။ မျှော်လင့်ရင်မောစွာ ကြိုစောင့်ရခြင်းဖြင့် ရသည့် အမောသည် ဘယ်အမောနှင့်မျှ မတူဟု အခုတော့ သိနိုင်ပြီ ။နာရီလက်တံသည် နှေးလွန်းစွဟု ထင်


••••••

    ( ၅ 

တင်ထွန်းမြင့် ရောက်လာပြီး ရှေ့ဆင့် နောက်ဆင့်ပင် တင်မေကျော် ရောက်လာ၏


ချိုးကွေ့ပြီး လမ်းထဲအဝင်မှာ သူ့ အသွင်ကို ဘွားခနဲတွေ့သည်။ တဒင်္ဂမှာ အရာအားလုံးကို မေ့သွားပြီလား ထင်သည်။ အာရုံသည် ချစ်သူထံမှလွဲ၍ အခြားသို့ မရောက်။ သူ ဝတ်လေ့ရှိသည့် လုံချည်အနက်ပြောင်နှင့် အနီရင့်ရင့်မှာ အနက်စင်းပါသော လက်တိုအင်္ကျီကို ဝတ်ထားသည်။ ဆံစဖားလျားသည်လည်း ခါတိုင်း နှယ် ကျောပေါ်မှာ အဝဲမပျက်


မျက်နှာမသိမသာ ချောင်ကျသွားသည်မှအပ အပြောင်းအလဲမရှိ သော ချစ်သူ့ဟန်ကို မျက်တောင်မခတ် ကြည့်နေမိဆဲ


“စောင့်နေတာ ကြာပြီလ


တမင် အားယူထားသော အပြုံးကို နှုတ်ခမ်းမှာ အရင်တွေ့ရသည်။ ပြီးမှ စကားသံ ညင်ညင် သူ့နှုတ်ကထွက်


“တစ်ညလုံး အိပ်ရဲ့လား မေးကြည့်ပါဦး”


သူ ဘာမှပြန်မပြောရခင် တင်ထွန်းမြင့်က ပြုံးရင်းပြောသည်


“ဒီလိုပါပဲနော်”ဟု ပြောလျက် အကြည့်ဆုံသောအခါတိုင်း မေတ္တာငွေ့ကို မျက်ဝန်းမှာ တွေ့ရစမြဲ


“ကားယူထားတယ် ၊ တောင်သမန် ခဏသွားရအောင် ၊ အဲဒီမှာ စကားပြောရတာပေါ့


အသံကို ထိန်းရင်း သူပြော၏။ ပြောအပြီးမှာ မေကျော်က ငြင်းလိုက်မှာတွေးပြီး ကြောက်နေပြန်သ


“သွားလေ


ဘာမှ မပြောတော့ဘဲ မေကျော်တက်နိုင်ရန် ကားတံခါးကို ဖွင့်ပေးသ


“မင်း မောင်းပါလား” ဟု တင်ထွန်းမြင့်က ပြော


“ရတယ် . . . . မင်းပဲ မောင်းပါ ၊ ရှေ့က သုံးယောက်စီးတာပေါ့


ပြောရင်း မေကျော်ဘေးက ဝင်ထိုင်သည်။ တင်ထွန်းမြင့်က ကားမောင်းမည့်သူ ထိုင်သည့်ဘက်က တံခါးကို ဖွင့်ပြီး ဝင်ထိုင်လိုက်


ကားမောင်းထွက်လာခဲ့ပြီး အတန်ကြာထိ စကားမဆိုဖြစ်ပြန်။ ရန်ခုန်သံကိုယ်စီကို ကြားနေရသလိုပင်


“စကားပြောကြလေ.


လှည့်ကြည့်ပြီးပြရင်း တင်ထွန်းမြင့်က ငြိမ်သက်ခြင်းကို ဖြိုခွင်းသည်


“အတိတ်ဆိတ်ဆုံးက အဆူညံဆုံးအသံကို ဖြစ်စေတယ်တဲ့


တင်ထွန်းမြင့်ကို ပြုံးပြရင်း တင်မေကျော် ဆိုသည်။ တင်မေကျော် မျက်နှာကို ငေးရီစွာ ကြည့်လျက် သူ့နားသယ်ဆံစကို ဖွဖွလေး ခိုးနမ်းမိပြန်၏


•••••••

     ( ၆ 

မယ်ဇယ်ပင်တန်း လွမ်းဖွယ်ညို၍ ဆိုင်း၏


ကားပေါ်မှ လှမ်းမြင်ကြည့်ငေးလိုက်ပါလာမိသည်။ မယ်ဇယ်ပင်တန်း တွေကို ကွေ့ပတ်ဖြတ်လာသော လမ်းကလေးမှာ ကားသည် ဖြည်းဖြည်းမောင်းနေ


ဦးပိန်တံတားနှင့် တံတားအောက်မှ ရေစပ်စပ်ကို ငေးကြည့်နေမိပြန်သည်။ဗျိုင်းနှစ်ကောင် ပျံသွားတာ ငေးနေခိုက် ကားရပ်လိုက်တာ သိ


“ဟိုဆိုင်လေးမှာ ထိုင်ရအောင်”ဟု တင်မေကျော် ပြောသည်။ သန့်ရှင်းသပ်ရပ်သော ဆိုင်ကလေးကို လမ်းဘေးမှာ လှမ်းမြင်ရသည်


ခုံပုလေးတွေ ချထားသည့် ဆိုင်ထဲမှာ လူတစ်ဦးမျှ မရှိ ။ ဆိုင်ကောင်တာလို လုပ်ထားသည့် စားပွဲမှာသာ ရောင်းသည့်လူငယ်တစ်ဦး ထိုင်နေတာ တွေ့သည်


“မင်းတို့ သွားထိုင်စကားပြောကြ ၊ ငါ တံတားပေါ် လျှောက်ကြည့်ဦးမ


“တစ်ခုခုသောက်ဖို့တောင် မပြောတော့ဘူးလာ


“မပြောပါဘူး ၊ ဒီကောင်က အားနာရမယ့်သူမှ မဟုတ်တ


ဟု မေကျော်ကို လှည့်ပြောရင်း ဆိုင်ထဲဝင်သည်


ထောင့်က ခုံပုလေးမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။ လှမ်းမြင် နေရသော တောင်သမန်ရှူခင်းသည် ရင်တွင်းမှာ စွဲထင်နေချင်စရ


“ဘာသောက်မလဲ


အနားမှာ ဆိုင်ရှင်လူငယ်လာရပ်စဉ် တင်မေကျော်ကို သူ မေ


“ဘာပဲဖြစ်ဖြစ် တစ်ခုခုပေါ့

“ဆဲဗင်းအပ် နှစ်လုံးပေးနော်


ဆိုင်ရှင်ကို သူ ပြောလိုက်သည်


"ဈေးကကြီးနဲ့


တင်မေကျော်က နှုတ်ခမ်းတွန့်၍ သူ့ကို ပြော


 “တစ်ခါတစ်လေပဲ မေကျော်ရယ် ၊ ပြီးတော့ လက်ဖက်ရည်လဲ ရပုံမပေါ်ဘူ


တင်မေကျော်က အကြည့်ကို ဝှေ့ရင်း . .


“ဟုတ်တယ် . .မရဘူး ၊ အအေးနဲ့ ဘီယာပဲ ရတယ် ထင်တယ်” ဟု ပြန်ပြောသည်


“မနက်က အစောကြီးနိုးလို့ အိမ်ပြင်ကို လှမ်းကြည့်တော့ နှင်းတွေကျလိုက်တာ ပိတ်နေတာ


“ဟုတ်လာ


“တောင်သမန်အင်းကိုတောင် သွားသတိရလိုက်မိသေးတယ်။ တောင်သမန်မှာလဲ နှင်းတွေ ကျနေမှာပဲလို့ အလိုလိုနေရင်း ဗညား ကဗျာလေးကိုစိတ်ထဲက ရွတ်ကြည့်နေမိရော”


“ရသေးလို့လာ


“အမယ် ကဗျာဆိုတာ အလွတ်ကျက်ထားရတာ မဟုတ်ပါ ... ဘူးနော်၊ ရင်ထဲကို သူ့အလိုလို ရောက်လာတဲ့ ပစ္စည်းပါ။ ရင်ထဲရောက်တဲ့ အရာတွေကို ဘယ်သူက မေ့လို့ ရမတဲ့လဲ


မေကျော်စကားကို နားထောင်နေမိရင်း သက်ပြင်းငွေ့ငွေ့ကို သူချ သည်။ လာချပေးသည့် အအေးဘူးကို ဖောက်လျက် တင်မေကျော့်ရှေ့မှာ ချသည်။ သူ့အတွက် ဘူးကို ဖောက်လိုက်၏။ ပြီးတော့ စက္ကူပိုက်တံကလေးတွေကို ဘူးနှစ်ဘူးမှာ တပ်သ


“သတိရလို့ လာတာလာ


တင်မေကျော် အမေးကြောင့် မျက်နှာကို စူးစိုက်ကြည့်မိလျက်သားဖြစ်ပြန်


“မေကျော့်ကို လာခိုးတ


“မဟုတ်တာ”ဟု ပြောရင် ပြုံးသည်


“ဘာလဲ ကိုယ်ပြောနေတာ မေကျော် မယုံလို့လား။ မနက်ဖြန်အတွက် ရထားလက်မှတ် သုံးစောင်တောင် ဘွတ်ကင်လုပ်ခဲ့ပြီးပြီ


“မေကျော်မှာ မှတ်ပုံတင်


ပြုံးပြလိုက်ရင်း အအေးကို ငုံ့ပြီးသောက်တာ တွေ့


“မေကျော် . . . ကိုယ် မေကျော်ကို အတည်ပြောနေတာ၊ မေကျော် ... စာရတော့ ကိုယ် မေကျော်ကို ဘယ်လိုမှ မခွဲနိုင်ဘူးဆိုတာ နားလည်တယ်၊ စွန့်လွှတ်ရမှာ ကြောက်တယ်၊ အားလုံး စဉ်းစားပြီးမှ မေကျော်ကို ခေါ်ဖို့ အခု လိုက်လာခဲ့တာ


မေကျော်က သက်ပြင်းကို ချလျက် တံတားဆီသို့ လှမ်းငေးရင်းအကြည့်ကို လွှဲသည်


“မေကျော်တော့ သေချင်တာပဲ"ဟု ညည်းညူစကား ဖွဖွထွက်လာသ


“ဘာလဲ မေကျော် ၊ တစ်ဖက်က စကားလွန်နေပြီလား၊ မေကျော်ခေါင်းညိတ်ထားပြီလားဟင်


အလောတကြီး မေးလိုက်မိပြန်၏။မေကျော်က သူ့မျက်နှာဆီအကြည့်ပို့လိုက်သ


“အမေကတော့ အတင်းတိုက်တွန်းနေတာပေါ့။ အမေ စိတ်ချမ်းသာမှု တစ်ခုတည်းအတွက် ကြည့်တာပါ ဗညားရယ်။ ပြီးတော့ အမေပြောတာတွေ အားလုံးက ငြင်းမရတာတွေလဲ ဖြစ်နေတယ်။ မိသားစုတစ်ခုလုံးအတွက် မေကျော် နှလုံးသားကိုပဲ စတေးတော့မယ် ၊ မေကျော်စဉ်းစားမိပြီး ဗညားဆီကို စာရေးလိုက်တ


"မေကျော် ခေါင်းညိတ်လိုက်ပြီလား


ခေါင်းကို ညင်သာစွာ ယမ်းသည်


“မေကျော်က ငြင်းလဲ မငြင်းဘူး၊ ခေါင်းလဲ ညိတ်မထားဘူး ဗည


 “ဒါဆို ကိုယ်နဲ့ လိုက်ခဲ့ပါ မေကျော်ရယ်


မေကျော် လက်ဖျားကို ဆုပ်ကိုင်ရင်း ပြောလိုက်မိသည။ သူ့ထံသို့ အအေးဘူးပို့အပြီးမှာ ဆိုင်ရှင်လူငယ်က ဆိုင်အပြင် လမ်း ဘေးမှာ သွားထိုင်နေတာ တွေ့


“အမေ သဘောတူတဲ့ သူကို လက်ထပ်ဖို့ သင့်တာတော့ အမှန်ပဲ ဗညားရယ် မိသားစုအားလုံး အဆင်ပြေသွားနိုင်တယ်လေ၊ အဲဒါတွေ စဉ်းစားမိတော့လဲ နှလုံးသားကို ဦးနှောက်က အနိုင်ယူသွားပြန်ရော ၊ ဘဝနဲ့ နှလုံးသား ကို တခြားစီ ခွဲထားရမယ်လို့ တွေးမိပြန်ရေ


“ကိုယ်နဲ့ မေကျော်တို့ကိစ္စကို မေကျော်မေမေကို ဖွင့်ပြောလိုက်ရင်ကေ


မျှော်လင့်ခြင်းတစ်ခုအနေဖြင့် သူ မေးလိုက်သည်။ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် မေးအောက်မှာ ထောက်ရင်း မေကျော် မျက်နှာကို ငေးကြည့်နားစွင့်သ


“မေမေကတော့ ဘယ်လိုနည်းနဲ့မှ သဘောတူမှ မဟုတ်ဘူး ဗညား၊ မေမေက မေကျော်ကို ပြောကတည်းက သမီးမှာ ချစ်သူရည်စားရှိရင်လဲ မေမေတို့ မိသားစုအတွက် သမီးက အနစ်နာခံလိုက်တယ်ပဲ သဘောထားပါလို့ စကားစတ


သက်ပြင်းကိုသာ ချလိုက်မိပြန်သည်


“မေမေ သဘောတူတဲ့ တစ်ယောက်ကလဲ သိပ်ပြီး လူကြီးပီသတာပါပဲ၊ မေကျော်နဲ့က အခုထက်ထိ ရင်းရင်းနှီးနှီးလဲ မရှိသေးပါဘူး၊ သူက သိပ်ပြီး ရောရောနှောနှော အခွင့်အရေးမယူဘူးလေ၊ မေကျော်ကို သဘောကျတယ်၊ လက်ထပ်ချင်တယ်ဆိုတာကိုပဲ မေမေ့ကို ဖွင့်ပြောတာ၊ ဖေဖေဆုံးတော့ အိမ်ကို စဝင်ထွက်တာက ရင်းနှီးသွားတယ်လေသူပဲ အစစအရာရာ ဦးဆောင်လုပ်ပေး ခဲ့တာ၊ အခု ဖွင့်ထားတဲ့ ဈေးဆိုင်လေးလဲ သူ့ကျေးဇူးနဲ့ ဖြစ်လာတာပေါ့ မေမေက မိသားစုအပေါ်မှာ သူထားတဲ့စေတနာကို လေးစားတယ်လေ၊ ဒါကြောင့် သူ့ကို ယူစေချင်တ


“ထားပါတော့ မေကျော်ရ


စကားကိုဖြတ်၍ ဝင်ပြောလိုက်သည်။ သူ့အသံက မာဆက်သွားပြီ လားမသိ။ မေကျော် သူ့ကို စူးစိုက်ကြည့်တာ တွေ့သည်


“ကိုယ်ကတော့ ဆုံးဖြတ်ပြီးပြီ၊ မေကျော်ကို ကိုယ်မခွဲနိုင်ဘူး ၊ ကိုယ်မေကျော်ကို ခေါ်သွားတော့မှာ


ရင်ထဲမှာရှိသည့် ဆန္ဒတွေကို ပြောချလိုက်မိပြန်


“အခု ကိုယ်တွေ့ကြုံလာရတော့ မောင်ဖေငယ်ကို ပိုပြီး လေးစားလာ တယ် မေကျော်၊ ချစ်သူကို သူများရင်ခွင်မှာအပ်ပြီး အသေခံသွားတဲ့ မောင်ဖေငယ်ရဲ့ စိတ်မျိုး ကိုယ့်မှာ မထားနိုင်ပါလားလို့ တွေးမိလာတယ်။ အတ္တကြီးတယ် ၊ တစ်ကိုယ်ကောင်းဆန်တယ် ပြောမလားပဲ ၊ ချစ်သူကောင်းစား ဖို့ဆိုပြီး ကိုယ် မေကျော့်ကို မစွန့်လွှတ်ရဲတာ အမှန်ပဲလေ ၊ တောင်သမန်အင်း မှာ နှင်းဖြစ်ပါရစေတော့လို့ နောင်ဘဝမှ တောင်းတဲ့ဆုမျိုး ကိုယ် မတောင်း ပါရစေနဲ့ မေကျော်ရယ်


မေကျော်က ဟိုခပ်ဝေးဝေးကို ငေးရီကြည့်ရင်း နားထောင်နေသည်။ နားထောင်နေရင်း မေကျော် ပါးပြင်ပေါ်မှာ မျက်ရည်စတွေ စီးကျလာတာ တွေ့ရတော့ ရင်ထဲမှာ နာကျင်ထိခိုက်ပြန်သည်ပဲ။ တစ်လိမ့်ချင်း စီးကျလာ သော မျက်ရည်ဥတို့ကို ကြည့်ငေးနေမိရင်း ဘာဆက်ပြောရမည်မသိ ဖြစ်ရပြန် သ


“လူတစ်ယောက်ဟာ လူတစ်ယောက်ကို အတ္တစိတ်မျိုးရှိတတ်တာ မေကျော် နားလည်ပါတယ်


ပြောရင်း စကားကို ရပ်လျက် ရှိုက်သံထွက်လာတော့သည်။ သူ့ရှိုက်သံသည် ကိုယ့်နှလုံးသားကို တုန်ခါသွားစေလောက်အောင်ပင် ကျယ်လောင်ပြီ ထင်လိုက်


“တစ်ဘဝလုံးမှာ ဒီတစ်ခုတည်းပဲ ကိုယ်လိုချင်တပ်မက်ခဲ့မိတာပါ မေကျော်ရယ် ၊ ဘာကိုမှ ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ လူသားတစ်ယောက်အနေနဲ့ တစ်ခါတစ်လေတော့လဲ ပိုင်ဆိုင်ခွင့်ဆိုတာကို ရချင်လိုချင်လို့ပါ၊ မေကျော်စိတ်ထိခိုက်သွားပြီလားဟင်


မေကျော်က ပါးပြင်ပေါ်မှ မျက်ရည်စတို့ကို ပဝါဖြင့်တို့သ


“အားလုံးကို ကိုယ် စွန့်လွှတ်ပါတော့မယ်၊ ကိုယ့်ကြောင့်တော့ မေကျော် မျက်ရည်မကျပါနဲ့တော့ ဟုတ်လာ


ထပ်၍ စီးကျလာသော ပါးပြင်ပေါ်မှ မျက်ရည်စကို သူ့ လက်ဖဝါးဖြင့် သုတ်ပေးလိုက်မိပြန်သည်


“တော်ပြီ ဗညား ၊ ဘာမှ ထပ်မပြောနဲ့တော့ မေကျော် ဘာမှ ထပ်ပြီးမကြားရဲဘူး ၊ မေကျော် ဆုံးဖြတ်လိုက်ပြီ မေကျော် ဗညားနဲ့ လိုက်ခဲ့တော့မယ်


ခါးကို မတ်ကာ ဆံစကို လက်နှစ်ဖက်ဖြင့် နောက်သို့ သပ်တင်ရင်းပြောလိုက်သည့်စကားကို အံ့ဩစွာ ကြားရပြန်


“မေကျော် တစ်ကယ်ပြောတာနေ


ဆိုတော့ နှုတ်ခမ်းကို ဖိကိုက်ထားရင်းက ခေါင်းကို ညိတ်သည်


“ဒါဆို . . . ဒါဆို မေကျော် မနက်ဖြန် ကိုယ်နဲ့ လိုက်ခဲ့မယ်ပေါ့


မေကျော်က စဉ်းစားဟန် ငြိမ်နေသ


“ဗညားက မနက်ဖြန် ပြန်မှာလာ


“ဟုတ်တယ် ၊ ကိုယ်ပြောသားပဲ ၊ မနက်ဖြန် ညနေသုံးနာရီအထွက်လက်မှတ်သုံးစောင် ဘွတ်ကင်လုပ်ပြီးပြီ


“မေကျော် မနက်ဖြန် တစ်ရက်နေချင်သေးတယ်ကွာ သန်ဘက်ခါမှ ပြန်ပါလား ၊ တစ်ရက်စောင့်


ဘာမှ ပြန်မပြောပဲ ငြိမ်နေပြီးမှ . 


“ဘာဖြစ်လို့လဲ မေကျော်”ဟု သူမေးလိုက်မိသည်


“စီစဉ်စရာရှိတာ စီစဉ်ရဦးမှာပေါ့ ဗညားရယ် ၊ ဗညားက မသိဘူး၊အိမ်မှာ မေကျော်ရှိမှဖြစ်မှာ ၊ ဗညားနောက်ကို အမှန်တော့ မေကျော် မလိုက် သင့်ပါဘူး၊ အိမ်ထောင်ကို ဦးစီးမယ့် အကြီးက ဒီအလုပ်မျိုးလုပ်မပြသင့်မှန်း သိတယ်လေ၊ ဒါပေမယ့် ဗညားနဲ့ပေါင်းရဖို့က ဒီတစ်နည်းပဲရှိတော့တာ ၊ အမေ က တစ်ရှူးစား ၊ ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်ဘူး၊ လက်ထပ်ပြီးရင်တော့လဲ စိတ်ပြောင်းသွားမှာပါ၊ ပြီးတော့ . . . မနက်ဖြန်က ဥပုသ်နေ့


“ဥပုသ်ဆိုတော့ ဘာဖြစ်လို့လဲဟင်


“မဟုတ်ဘူးလေ ၊ အမေ့ကို ဘုန်းကြီးကျောင်း လိုက်ပို့ဖို့ တာဝန်ရှိ သေးတယ်။ တစ်ရက်စောင့်နော် ဗညား ၊ လက်မှတ်ကို အဆုံးခံလိုက်ပါကွာ၊ မေကျော် ပြန်လျော်ပေးပါ့မ


“လက်မှတ်က အရေးမကြီးဘူး မေကျော်


“ဘာက အရေးကြီးလို့


“အိမ်ရောက်ရင် မေကျော် စိတ်ပြောင်းသွားမှာကို စိုးတာ

“ဗညားရယ်


သူ့လက်မောင်းကို မေကျော်က ဆုပ်ကိုင် ဖျစ်ညှစ်လိုက်သည်


'ဒါဆို . . . အခုပြန်သွားပြီး လက်မှတ်အတွက်သွားစီစဉ်မယ်၊ မနက်ဖြန် လက်မှတ်ဖျက်ပြီး သန်ဘက်ခါလက်မှတ် ယူလိုက် မယ်လေ ဘယ်လို ဆုံကြမှာလဲ


မေကျော်က တွေးပြီး စဉ်းစားဟန်ပြုသ


“ဒီလိုလုပ်လေ ၊ ဗညားတို့ တည်းခိုခန်းကိုပဲ မေကျော်လာခဲ့မယ် ၊ အောက်က ဆင်းစောင့်နေလေ ၊ လက်မှတ်ကရော သေချာပါ့မလာ


“သေချာမှာပါ ၊ ဒီလိုလုပ်ရအောင် ဒီက အပြန်မှာ လက်မှတ်ရမရ သေချာအောင် ဘူတာသွားမယ် ၊ မေကျော် လိုက်လာခဲ့ ၊ လက်မှတ်ကိစ္စပြီးမှ မေကျော် ပြန်လေ


“အင်း . . . ဖြစ်ပါတ


“လာ . . ဒါဆို ဦးပိန်တံတားပေါ် ဖြတ်ကြည့်ရအောင် ပြီးရင်ပြန်မယ် ဟုတ်လာ


ပြောပြီး ထလိုက်သည်။ သူတို့ ထရပ်တာ မြင်တော့ ဆိုင်ရှင်လူငယ်က အနားရောက်လာသည်


အအေးဘူးဖိုး ပိုက်ဆံရှင်းလိုက်၏။ ။ ဆိုင်ထဲမှ ထွက်လာခဲ့သ


** ** 

၁၂ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတေ

#တမာသားလေးမှတ်စု #Book_Houseဟာ့။**ည်။။း”ယ်”"း"ည်။”။ ”" လဲ””ယ်””လေ”။. ." ”း”ည်။" ။ာ်”၏။” ။း"ည်။"ရ၏။”ည်။”၏။ပဲ”။ာ”ယ်"။ာ"ည်။ာ'ာ”၏၊”ား”။” ာ”ည်။”ည်။။” ၏။..."”။ာ”၏။း”ည်။”း”  း”ပဲ"။ .း”သည်။"။"” း၏။”ာ ။။ာ”း”ယ်”။ ။၏။၏။။)••။  ”။ ..”။၏။” ၏။ည်။”ည်။”  ။။  ၏။ား”။။ ။)••၏။” ပါ”။ည်။း”။လေ”။။••းး"း”၏။..   ။ဘဲ”။ .”)••၏။။” ဆဲ။”ာ"" တာ””ရ ။”။ ယ်”။" ည်။၏။။တာ””” း” "” ာ”” ။ ၏။း”သိ။။ ၏။။၏။ည်။။..” ည်။။   ာ””ာ်”၏။” ၏။”ည်။။. .၏။ာ"။” း၏။။.) })တယ်”


“လာ . . ဒါဆို ဦးပိန်တံတားပေါ် ဖြတ်ကြည့်ရအောင် ပြီးရင်ပြန်မယ် ဟုတ်လား”


ပြောပြီး ထလိုက်သည်။ သူတို့ ထရပ်တာ မြင်တော့ ဆိုင်ရှင်လူငယ်က အနားရောက်လာသည်။


အအေးဘူးဖိုး ပိုက်ဆံရှင်းလိုက်၏။ ။ ဆိုင်ထဲမှ ထွက်လာခဲ့သည်။


** ** **

၁၂ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.